News

POST TYPE

LATEST NEWS POST

နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ဝင်တစ်ဦးက ဇနီးကို ဓားနှင့်​ထိုးသတ်
18-Jun-2019

တောင်​ငူ၊ ဇွန်​ ၁၈

ပဲခူးတိုင်း​ဒေသကြီး ​ရေတာရှည်​မြို့နယ်​ သာဂရမြို့အပိုင်​ ​အောင်​ချမ်းသာ​ ​ကျေးရွာသစ်​ အလယ်တန်း​​ကျောင်း​ခွဲမှ မူလတန်းပြ ဆရာမတစ်​ဦးကို ခင်​ပွန်းဖြစ်​သူ အမှတ်​ ၃ နယ်​ခြား​စောင့်​တပ်​မှ ရဲတပ်​သားတစ်ဦးက ဓားဖြင့်​ထိုးသတ်​ခဲ့​ကြောင်း သာဂရနယ်​​မြေရဲစခန်းမှ သိရှိရသည်​။

ရခိုင်​ပြည်​နယ်​ ဘူးသီး​တောင်​မြို့နယ်​ အမှတ်​ ၃ နယ်​ခြား​စောင့်​တပ်​ရင်းမှရဲတပ်​သားအဆင့်​ရှိသူ သမိုင်းစည်​သူ (ခ) သာဓု (၂၉ နှစ်​) ဖြစ်​ပြီး ဇွန်​လ ၁၇ ရက်​​နေ့ ည​နေ ၆ နာရီခန့်​က ဇနီးသည်နှင့်​​စကားများ ရန်ဖြစ်ရာမှ တစ်​ဆင့်​ ငါးဖယ်​ခုံးဓားဖြင့်​ ထိုးသတ်​ခဲ့ခြင်းဖြစ်​သည်​။

“ရခိုင်​က​နေခွင့်​နဲ့ပြန်​လာတာပါ။ ဇနီး​ကျောင်းကို လိုက်​သွားပြီးအပြန်​မှာ လူမှု​ရေးကိစ္စ​တစ်​ခုနဲ့ ပတ်​သက်​ပြီး ဓားနဲ့ထိုးသတ်​ခဲ့တာပါ။ ပြစ်​မှုကျူးလွန်​တယ်​လို့ဆိုတဲ့ ရဲတပ်​သားကို အခင်းဖြစ်​ပြီး​နောက်​​နေ့မနက်​မှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်​”ဟု သာဂရနယ်​​မြေရဲစခန်းမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောကြားသည်။