News

POST TYPE

LATEST NEWS POST

ပြည်လမ်း အေဝမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်
18-Jun-2019

ရန်ကုန်၊ ဇွန် ၁၈

မရမ်းကုန်းမြို့နယ် အမှတ် ၄ ရပ်ကွက် ပြည်လမ်း အေဝမ်းမှတ်တိုင်အနီးတွင် ယနေ့ (ဇွန်လ ၁၈ ရက်) နံနက် ၆ နာရီခန့်က ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ်တိုက်မှုဖြစ်ပွားခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်ပြည်လမ်းမပေါ်တွင် ၈ မိုင်ဘက်မှမောင်းနှင်လာသည့် Hijet ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ အင်းစိန်ဘက်မှ (၈) မိုင်ဘက်သို့ မောင်းနှင်းလာသည့် YBS ၃၇ ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး Hijet ယာဉ်မှ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ရကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့သော်လည်း မစိုးရိမ်ရဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများအပြင် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ သွားရောက်ကူညီပေးခဲ့ကြသည်။

S-04