News

POST TYPE

LATEST NEWS POST

အိမ်အကူ မကရင်မ သေဆုံးမှု အမှုကြေအေးရုပ်သိမ်းလွှာ တင်ပြသူထံ ငွေကြေးပေးကမ်းခြင်းမျိုး မရှိဟုဆို
23-May-2019

ရန်ကုန်၊ မေ ၂၂

တပ်မတော်အရာရှိ၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ပြီးနောက် ဒဏ်ရာများဖြင့် သေဆုံးခဲ့သူ မကရင်မ အမှုနှင့်ပတ်သက်၍ ရန်ကုန်တောင်ပိုင်းခရိုင် ဥပဒေရုံးသို့ အမှုကြေအေးရုပ်သိမ်းလွှာ တင်ထားသူ မကရင်မ၏ မိခင် ဒေါ်လှလှဝင်းအား ငွေကြေးတစ်စုံတစ်ရာ ပေးကမ်းခြင်းမျိုး မရှိခဲ့ကြောင်း တရားစွဲဆိုခံရသူ ဒေါ်သိင်္ဂီစု၏ ခင်ပွန်းဖြစ်သူက ပြောသည်။ 

အမှုရုပ်သိမ်းလွှာတင်ခြင်းနှင့် ပတ်သက်၍ မလိုလားအပ်သူများက အကြောင်းအမျိုးမျိုးဖြင့် ခေါင်းစဉ်ပြပြီး ပြောဆိုနေမှုများကို ပြန်လည်ဖြေရှင်းမည်မဟုတ်ဘဲ အမှန်တရားအတိုင်းသာ ရင်ဆိုင်သွားမည်ဖြစ်သည့်အပြင် မကရင်မ၏မိခင်သည် နစ်နာသူထဲတွင် ပါဝင်ပြီး ဥပဒေလမ်းကြောင်းအရ ဥပဒေအတိုင်း အမှုကြေအေးလွှာ တရားဝင်ရုပ်သိမ်းတင်ပြပိုင် ခွင့်ရှိသောကြောင့် တရားလို ဦးအေးသောင်းနှင့် ဒေါ်လှလှဝင်းတို့အား တစ်စုံတစ်ရာ ပေးကမ်းခဲ့ခြင်း မရှိသကဲ့သို့ မကရင်မ မသေဆုံးမီ နှိပ်စက်ခဲ့ကြောင်း ပြောဆိုခဲ့မှုများမှာ ယုတ္တိ ရှိ၊ မရှိ အချိန်တန်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ဒေါ်သိင်္ဂီစု၏ ခင်ပွန်းက မီဒီယာများကို ပြောကြားခဲ့သည်။