News

POST TYPE

LATEST NEWS POST

အလုံတွင် အမျိုးသမီးတစ်ဦး၏လည်ပင်းကို ဓားဖြင့်လှီး၍ ဆွဲကြိုးလုယက်
22-Apr-2019
ရန်ကုန်၊ ဧပြီ ၂၂ 

အလုံမြို့နယ် ငုဝါလမ်းရှိ တိုက်လှေကားတစ်ခုတွင် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဈေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးတစ်ဦး လည်ပင်း ဓားဖြင့်လှီးခံရပြီး ရွှေဆွဲကြိုးလုယက်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရွှေဆွဲကြိုး လုယက်ခံရသည့် အသက် ၆၃ နှစ် အမျိုးသမီးမှာ ငုဝါလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့ နံနက် ၇ နာရီခန့်က ဈေးမှနေအိမ်သို့ပြန်လာစဉ် အသက် ၂၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက နောက်မှလိုက်လာကာ တိုက်လှေကား ပထမထပ်အရောက်တွင် အမျိုးသမီး၏လည်ပင်းအား ဓားနှင့်လှီး၍ ရွှေဆွဲကြိုးကို လုယူထွက်ပြေးခဲ့ခြင်းဖြစ်သည်။

“လုယက်မှုဖြစ်စဉ်ကို လတ်တလော စစ်ဆေးနေတုန်းပါ။ ပြစ်မှုကျူးလွန်သူကို မမိသေးဘူး”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

လည်းပင်းအား ဓားဖြင့်လှီးခံရသည့် အမျိုးသမီးမှာ အဆိုပါ တိုက်ခန်းတစ်ခန်းတွင် နေထိုင်သူများထံ အကူအညီတောင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03