News

POST TYPE

LATEST NEWS POST

ဖြူးမြို့ အမြင့်ဆုံးနေ့အပူချိန် စံချိန်သစ်တင်
24-Mar-2019

ရန်ကုန်၊ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့သည် နှစ်ပေါင်း ၃၀ ကျော်အတွင်း အမြင့်ဆုံးနေ့အပူချိန်စံချိန်သစ်ကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါစံချိန်သစ်မှာ ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယခင်စံချိန်ဟောင်းမှာ ၄၀ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြစ်ကာ ယင်းဒေသတွင် မိုးလေဝသစခန်း စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ နှစ်ပေါင်း ၃၅ နှစ် အတွင်း စံချိန်သစ်လည်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

ထို့ပြင်နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

E-03