News

POST TYPE

LATEST NEWS POST

မြန်မာ - ဘင်္ဂလားဒေ့ရှ် ဆိုက်ဘာစစ်ပွဲ အခြေအနေ ပိုမိုတင်းမာလာ
19-Mar-2019

မြန်မာ - ဘင်္ဂလားဒေ့ရှ် ဆိုက်ဘာစစ်ပွဲ အခြေအနေ ပိုမိုတင်းမာလာ

မြန်မာကွန်ပျူတာအရေးပေါ် တုံ့ပြန်မှုအသင်း (MMCERT) က အထူးသတိပေးချက် ထုတ်ပြန်ပြီ
--------------------
ရန်ကုန်၊ မတ် ၁၉

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဟက်ကာများ ဆိုက်ဘာစစ်ပွဲဆင်နွှဲနေမှု အခြေအနေ ပိုမိုတင်းမာလာပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာအစိုးရဝက်ဘ်ဆိုက်များကို တုံ့ပြန်တိုက်ခိုက်လိုက်ပြီဖြစ်သည်။

ယင်းသို့ အပြန်အလှန် တိုက်ခိုက်လာမှုကြောင့် မြန်မာကွန်ပျူတာ အရေးပေါ် တုံ့ပြန်မှုအသင်း (MMCERT) က အထူးသတိပေးချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ထုတ်ပြန်ချက်တွင်

သက်ဆိုင်ရာ Website Owner များအနေဖြင့် မိမိတို့၏ CMS စနစ်များ (Drupal၊ Wordpress နှင့် အခြားသောစနစ်များ)ကို အဆင့်မြှင့်တင်ခြင်း၊ Plugin များကို အဆင့်မြှင့်တင်ခြင်း၊ မလိုအပ်သော Plugin များကို Disable ပြုလုပ်ခြင်းများ ပြုလုပ်ထားရန် လိုအပ်ပါသည်။

အလားတူ Adminer (Adminer - Database management in a single PHP file) နှင့် PHPFM (PHP File Manager) အသုံးပြုထားသော Website များအနေဖြင့် ထို 3rd Party Plugin များကို အသုံးမပြုကြပါရန် အထူး သတိပေးအပ်ပါသည်။

တိုက်ခိုက်ခံထားရသော Website များအနေဖြင့် မိမိတို့၏ စနစ်များအတွင်းတွင် Backdoor များ ရှိ၊ မရှိနှင့် Attacker မှ ချန်ခဲ့သော အခြားသဲလွန်စ ရှိ၊ မရှိ ရှာဖွေရန်နှင့် ဖျက်ပစ်ရန် သတိပေးအပ်ပါသည်။

DDOS တိုက်ခိုက်မှုများအား ကာကွယ်နိုင်ရန်အတွက် မိမိတို့၏ Firewall များဖြင့် Anti-DDOS Rule များ သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်ကြပါရန် သတိပေးအပ်ပါသည်။”ဟု ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ တုံ့ပြန်တိုက်ခိုက်မှုကြောင့် မြန်မာ အစိုးရဝက်ဘ်ဆိုက် ၃ ခုခန့် Defacement ပြုလုပ်ခံခဲ့ရပြီး DDOS တိုက်ခိုက်ခံရမှုများလည်း ရှိနေသည်။

ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းအပေါ် မြန်မာဘက်မှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နေသည့် UGMH အဖွဲ့က

“ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည် တိုက်ခိုက်တာကြောင့် ထုံးစံအတိုင်း Cyber တိုက်ခိုက်မှုတွေဖြစ်လာရင် Defacement လုပ်ခံထိနေကျ Website တွေ Defacement လုပ်ခံလိုက်ရပါတယ်။ သူတို့ဘက်က တိုက်ခိုက်မှုကြောင့် ကျသွားတဲ့ Website တွေနဲ့ Defacement လုပ်ခံထိတဲ့ Website တွေကိုလည်း ပြန်လည် ရှင်းလင်းတာတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဆက်လက် တိုက်ခိုက်သွားဦးမှာပါ” ဟု ပြောဆိုထားသည်။

လက်ရှိဖြစ်ပွားနေသည့် မြန်မာ - ဘင်္ဂလားဒေ့ရှ် ဆိုက်ဘာစစ်ပွဲသည် မြန်မာနိုင်ငံတွင် ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု မမှန်သတင်းများ ထုတ်လွှင့်နေသည့်အတွက် မြန်မာဘက်မှ ဟက်ကာများက စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။

မောင်မန်း