News

POST TYPE

LATEST NEWS POST

ရွှေဈေး ပြန်ကျ
23-Feb-2019


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဆက်တိုက်မြင့်တက်ခဲ့သော ပြည်တွင်းရွှေဈေးနှုန်းများသည့် ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းလာသည့်အတွက် လိုက်ပါကျဆင်းကြောင်း ရန်ကုန်မြို့၏ အဓိက ရွှေဈေးကွက်ဖြစ်သော ရွှေဘုံသာဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာခန့်နှင့် ပြည်တွင်းရွှေဈေးမှာ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁၈,၀၀၀ ကျော်သို့ ပြန်လည် ကျဆင်းလာခဲ့ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေးကွက် အခြေအနေနှင့်ပတ်သက်၍ ဆက်လက် ကျဆင်းနိုင်ခြင်းရှိမရှိကိုမူ ရွှေလုပ်ငန်းရှင်များက မခန့်မှန်းလိုကြဘဲ ကမ္ဘာ့ရွှေဈေးအတက်အကျပေါ် မူတည်၍ ပြည်တွင်းရွှေဈေးမှာလည်း လိုက်ပါပြောင်းလဲနိုင်သည်ဟု ၎င်းတို့က ဆိုကြသည်။

ထိုသို့ ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းလာသော်လည်း ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဈေးနှုန်းမတက်ဘဲ အနည်းငယ် ထပ်မံ ကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၄၃ အထိမြင့်တက်ခဲ့ရာမှ ယခုအခါ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၂၇ သို့လည်းကောင်း၊ ပြည်တွင်းရွှေဈေးကွက်၌ ပြီးခဲ့သည့်ရက်ပိုင်းက ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၈၈,၂၀၀ အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၇၈,၀၀၀ သို့ကျဆင်းကြောင်း ပြင်ပ ငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၁၆ ကျပ်ဈေးရှိကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

S-04