News

POST TYPE

LATEST NEWS POST

ဖြည့်စွက်ခွင့်ပြုငွေ ကျပ်သန်းသုံးသောင်းခွဲကျော် မန္တလေးတိုင်းလွှတ်တော် ခွင့်ပြု
19-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဖြည့်စွက်သုံးစွဲရန် ကျပ်သန်း ၃၅,၅၄၅ သန်းကျော် လိုအပ်ကြောင်း တင်ပြလာသည့်အဆိုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကကျင်းပခဲ့သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် နေ့စားလုပ်ခစရိတ်သည် ကျပ် ၃၆၀၀ မှ ၄၈၀၀ သို့ မြင့်တက်လာသည့်အတွက် ယင်းအသုံးစရိတ်ကို ဖြည့်စွက်သုံးစွဲနိုင်ရန် အစိုးရဌာနအသီးသီးက တင်ပြတောင်းခံကြခြင်းသာဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောကြားသည်။

၂၀၁၈-၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း လျာထားချက်အဆိုကို ဖေဖော်ဝါရီလ ၁၈ ရက်က ကျင်းပသော ဒုတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းခဲ့သည်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသည့်လွှတ်တော်က ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

M-08