News

POST TYPE

LATEST NEWS POST

MSMEs လုပ်ငန်းရှင်များကို စီးပွားရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးမည်
18-Feb-2019
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရာတွင် သိရှိသင့်သည့် အခွန်၊ ကုန်သွယ်မှု၊ Industrial Design နှင့် FDA အရည်အသွေး ဆန်းစစ်မှုဆိုင်ရာများကို ပိုမိုနားလည်သိရှိစေရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ယင်းဆွေးနွေးပွဲကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ Individual Skill Development Center တို့ပူးပေါင်း၍ ရန်ကုန်မြို့ အမှတ် ၃၅ ကျိုက်ဝိုင်းဘုရားလမ်း ၄ ရပ်ကွက် လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမတွင် မတ်လ ၃ဝ ရက်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်လေးဦးက နိုင်ငံနှင့် နိုင်ငံတကာအတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သိရှိရမည့် အခွန်ဆိုင်ရာ အကြောင်းအရာများနှင့် လုပ်ငန်းစဉ်အဆင့်များ၊ ကုန်သွယ်မှုပြုလုပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် FDA အကြောင်း သိကောင်းစရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တက်ရောက်သည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်၊ ကုန်သွယ်မှုနှင့် FDA အရည်အသွေးဆန်းစစ်မှုဆိုင်ရာ အချက်အလက်များသိရှိနိုင်ပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးချနိုင်မည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနမှူး ဒေါ်အိအိခိုင် ၀၉- ၄၂၃၇၂၁၅၉၀၊ SME Center (ရန်ကုန်ရုံး) ဖုန်း ၀၁-၉၆၆၉၈၅၆ ထံ ဆက်သွယ်စုံစမ်း၍ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

J-11