News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်ရုပ်ရှင် ပြည်ပအထိ ပြရန် ရည်ရွယ်ဟု ဝန်ကြီး သူရဦးအောင်ကို ပြော
20-Jan-2019

ရန်ကုန်၊ဇန်နဝါရီ ၂၀

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္ထိရုပ်ရှင်ဇာတ်ကားကို ပြည်ပအထိ ထုတ်လုပ်ဖြန့်ချိပြသရန် ရည်ရွယ်ထားသည့်အတွက် ဇာတ်အခန်းစဉ်နှင့် ဇာတ်ညွှန်းပြည့်စုံမှုအပါအဝင် Sub Title ရေးထိုးရေးအတွက် အဆင့်မီဘာသာပြန် ကိစ္စများ တစ်ပြိုင်တည်းဆောင်ရွက်ရန် လိုအပ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ပြောကြားသည်။

လမ်းမတော်မြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္ထိရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ဘာသာပြန်ကိစ္စများ ဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတကာဆိုင်ရာ သံခင်းတမန်ခင်းကိစ္စရပ်များကို အစိုးရ တစ်ရပ်နဲ့တစ်ရပ်ဆက်သွယ်မှု law အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး အတည်ပြုချက်ရယူဖို့အတွက်လည်း ဆောင်ရွက်ပေးဖို့ ပြောကြားလိုတယ်”ဟု ဝန်ကြီးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္ထိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် အခြေအနေများကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဝန်ကြီးသူရ ဦးအောင်ကိုအပါအဝင် ကဏ္ဍာအလိုက် ဖွဲ့စည်းထားသော အုပ်ချုပ်ထောက်ပံ့ရေး ဆပ်ကော်မတီ၊ ဇာတ်လမ်း/ဇာတ်ညွှန်းပြုစုရေးနှင့် ရိုက်ကူးတည်းဖြတ်ရေး ဆပ်ကော်မတီ၊ အနုပညာဖန်တီးရေးဆပ်ကော်မတီ၊ သမိုင်းအထောက်အထား စိစစ်ရေး ဆပ်ကော်မတီ၊မှတ်တမ်းပြုရေးနှင့် သတင်းပြန်ကြားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီအပါအဝင် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီတို့နှင့် ပူးပေါင်းဆွေးနွေးနေခြင်းဖြစ်သည်။ 

J-17