POST TYPE
LATEST NEWS POST
ရန်ကုန်လေဆိပ် ငါးသန်းမြောက်ခရီးသည် ဂျပန်နိုင်ငံသားကို ဂုဏ်ပြုကြိုဆို
16-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့တွင် ငါးသန်းမြောက်ခရီးသည်အဖြစ်ရောက်ရှိလာသော ဂျပန်နိုင်ငံသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
၂၀၁၈ ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၅ ရက် ညနေအထိ ငါးသန်း မြောက်ခရီးသည်ဖြစ်သူ ဂျပန်နိုင်ငံသား TERAUCHI YUJI ကို ငွေသားကျပ်ဆယ်သိန်းနှင့် ကျပ်ဆယ်သိန်းတန် လက်ဆောင်ပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဂုဏ်ပြုပေးအပ်ခဲ့သည်။
ဂျပန်နိုင်ငံသား TERAUCHI သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးကိစ္စဖြင့် ဂျပန်လေကြောင်းလိုင်း ANA မှ လေယာဉ်အမှတ် NH813 ဖြင့် ညနေ ၄ နာရီတွင် ရောက်ရှိခဲ့သူ ဖြစ်သည်။
“ကျွန်တော့်ကို ဒီလိုတခမ်းတနားနဲ့ကြိုဆိုမယ်လို့ မမျှော်လင့်ထားတဲ့အတွက် အရမ်းကိုအံ့ဩပြီးဂုဏ်ယူမိပါတယ်” ဟု TERAUCHI YUJI က ဆိုသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်းနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည် ၅ ဒသမ ၉၂ သန်းဝင်ရောက်ခဲ့သည်။
J-14
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019