News

POST TYPE

LATEST NEWS POST

ဘုရားကြီးတွင်​ စိတ်​ကြွ​ဆေးပြားတစ်သောင်းကျော်ဖမ်းမိ
12-Nov-2018


တောင်​ငူ၊ နိုဝင်​ဘာ ၁၂

ပဲခူးတိုင်း​ဒေသကြီး ပဲခူးမြို့နယ်​ ဘုရားကြီးမြို့ စက်​မှုလယ်​ယာရပ်​ကွက်​ ​နေအိမ်​တစ်​အိမ်​ရှိ အမျိုးသားတစ်​ဦးထံမှ စိတ်​ကြွ​ဆေးပြား တစ်သောင်းကျော် မနေ့ည​နေ ၅ နာရီခန့်​က ဖမ်းမိခဲ့သည်ဟု ဘုရားကြီးနယ်မြေရဲစခန်းထံမှ သိရှိရသည်။ 

ကိုဇွဲသီဟ (ခ) သားကို (၂၈ နှစ်ခန့်)ဆိုသူ၏ ​နေအိမ်​တွင်​ မူးယစ်ဆေးရောင်းနေကြောင်း သတင်းရ၍ ဝင်ရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၁,၅၃၀ ပြား (ကျပ်သိန်း ၅၅၀ ကျော်ဖိုး) ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အမှုနှင့်ပတ်သက်၍ ဇွဲသီဟကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု ဘုရားကြီးနယ်မြေရဲစခန်းထံမှ သိရှိရသည်။

R-15