News

POST TYPE

LATEST NEWS POST

တီးတိန်တွင် ရိုးရာခွာဒိုပွဲတော်ကျင်းပ
23-Oct-2018



ကလေး၊ အောက်တိုဘာ ၂၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း နေထိုင်သည့် ချင်းတိုင်းရင်းသားများ၏ ရိုးရာခွာဒိုပွဲတော်ကို ယနေ့ အောက်တိုဘာလ ၂၃ ရက်မှစ၍ နှစ်ရက်ကြာကျင်းပလျက်ရှိသည်။

ပွဲတော်တွင် ခွာဒိုပွဲတော်၏ အနှစ်သာရဖြစ်သည့် ပျားအုံသယ်ဆောင်ခြင်း၊ မီးထွန်းခြင်း၊ ရိုးရာဝတ်စုံများဝတ်ဆင်၍ ရိုးရာအကများ ကပြဖျော်ဖြေခြင်းနှင့် ရိုးရာဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ပြသခြင်းစသည့်အစီအစဉ်များပါဝင်မည်ဖြစ်သည်။

အဆိုပါပွဲတော်သို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောဝန်ကြီးတို့နှစ်ဦး တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

“စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ အစိုးရအဖွဲ့ကလည်း အသိအမှတ်ပြုပြီး တက်ရောက်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်။ နောက်နှစ်တွေမှာလည်း နှစ်တိုင်း နှစ်တိုင်း ကျင်းပပြီးတော့ အဝေးရောက် ဆွေမျိုးသားခြင်းတွေရော ရိုးရာပွဲစိတ်ဝင်စားတဲ့ ဘယ်သူမဆို ပါဝင်တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု တီးတိန်မြို့နေ ဦးလျန်ခန့်တွောင်က ပြောဆိုသည်။

ခွာဒိုပွဲဆိုသည်မှာ မကောင်းဆိုးဝါးများကို နှင်ထုတ်တိုက်ခိုက်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုကို ကြိုဆိုသည့်ပွဲဟု အဓိပ္ပာယ်ဖွင့်ဆိုကာ ကျေးရွာဒေသအလိုက် တောင်ယာသီးနှံရိတ်သိမ်းပြီးခြင်းအပေါ် အမီပြု၍ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကျင်းပလေ့ရှိသည်။

R-20