News

POST TYPE

LATEST NEWS POST

သိန်းနှစ်သောင်းခွဲဖိုး မူးယစ်ဆေး ပိုင်ရှင်မဲ့ဖမ်းမိ
23-Sep-2018

ကျိုင်းတုံ၊ စက်တင်ဘာ ၂၃

ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-မိုင်းလားလမ်း ကတ်ဖကျေးရွာနှင့် နောင်ငင်းကျေးရွာကြားတွင် ယနေ့ (စက်​တင်​ဘာ ၂၃ ရက်) နံနက် ၃ နာရီခန့်က အိမ်စီးယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၂၅၀၀၀ ခန့်တန်ဖိုးရှိ ICE မူးယစ်​​ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောကြားသည်။

“မိုင်းလားဘက်မောင်းလာတဲ့ ဖော်ကျူးနားယာဉ်ကို စစ်ဆေးဖို့တားတော့ ကားပေါ်ကနေ လယ်ကွက်တွေထဲ လူနှစ်ဦးက ထွက်ပြေးသွားတယ်။ ကားထဲရှာဖွေကြည့်တော့ မူးယစ်​​ဆေးဝါးတွေ တွေ့ရှိခဲ့တာပါ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဖော်ကျူးနားယာဉ်ပေါ်မှ ကျပ်သိန်း ၂၅၀၀၀ ခန့်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ကီလို ၁၀၀ ခန့် ဖမ်းဆီးရမိခဲ့၍ ထွက်ပြေးလွတ်မြောက်သွားသည့် မောင်အိုက်လုတ် (၂၅ နှစ်ခန့်) ဆိုသူနှင့် အမည်မသိတစ်ဦးကို မူး/စိတ် ပုဒ်မ ၁၉ (က) /၂၀ (က) /၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16