POST TYPE

LATEST NEWS POST

မလှိုင်တွင် ကိုရင်ငယ်တစ်ပါးကို ဘုန်းကြီးကျောင်းသားက အဓမ္မပြုကျင့်
23-Sep-2018

မိတ္ထီလာ၊ စက်တင်ဘာ ၂၂

မလှိုင်မြို့နယ် မုန်ပင်လေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် အသက် ၁၂ အရွယ် ကိုရင်ငယ်တစ်ပါးကို ဘုန်းကြီးကျောင်းသားက အဓမ္မပြုကျင့်ခဲ့ကြောင်း ယင်းမြို့နယ် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက ပြောကြားသည်။

မလှိုင်မြို့ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် ယောကျာ်း (ဘုန်းကြီးကျောင်းသား) ကိုလည်း စစ်ဆေးလျက်ရှိသည်ဟု ၎င်းက ပြောဆိုသည်။ 

“နှစ်ယောက်စလုံးက ဒီရပ်ကွက်ထဲကပါ။ လွန်ခဲ့တဲ့နှစ်လလောက်ကစပြီး (___) က ကိုရင်လေးကို ဒီလိုပြုကျင့်ခဲ့တယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ညမှာ ထပ်လုပ်တယ်ဆိုပြီး မနေ့ (စက်တင်ဘာ ၂၁ ရက်) က ကျွန်တော်တို့ဆီ ရောက်လာတယ်။ (___) ကိုလည်း ဖမ်းထားပြီးပါပြီ။ ဒီနေ့ညနေလောက်မှာ အမှုဖွင့်လိမ့်မယ်”ဟု ဦးမင်းမင်း စိုးက ရှင်းပြသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ မလှိုင်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်အထိ အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

R-01