News

POST TYPE

LATEST NEWS POST

SME လုပ်ငန်းများကို ကျပ် ၃၆ ဘီလီယံခန့် ထုတ်ချေးမည်
05-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၅

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များကို စက်တင်ဘာလအတွင်း JICA SME နှစ်ဆင့်ချေးငွေ ဂျပန်ယန်း ၃ ဘီလီယံနှင့်ညီမျှသည့် မြန်မာကျပ် ၃၆ ဘီလီယံခန့် ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်သည်။

အဆိုပါချေးငွေများကို ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်းဘဏ်များအဖြစ် မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နှင့် ယူနိုက်တက်အမရဘဏ်တို့မှတစ်ဆင့် လျှောက်ထားရယူနိုင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

SME လုပ်ငန်းတစ်ခုကို ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀ဝ အထိ အများဆုံးထုတ်ချေးပေးမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ ချေးငွေသက်တမ်းကို တစ်နှစ်မှ ငါးနှစ်အထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-11


  • VIA