News

POST SECTION

LATEST NEWS POST

26-Jun-2019
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်သော မြစ်ကြီးနား-ကန်ပိုက်တီလမ်းတွင် ရေကြီးကာ တောင်ပြိုမှုများ ဖြစ်ပေါ်သဖြင့် ကုန်တင်ကားကြီးများသွားလာမှု ယာယီပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ယာဉ်မောင်းများထံမှ သိရသည်။
26-Jun-2019
လက်ရှိပြေးဆွဲနေသည့် လှိုင်သာယာမှ ညောင်းတုန်းမြို့တင်မကဘဲ ရန်ကုန်မြို့တွင်းမှ ညောင်တုန်းမြို့အထိ YBS ပြေးဆွဲရန် ရန်ကုန်တိုင်းအစိုးရနှင့် ဧရာဝတီတိုင်းအစိုးရတို့ ကနဦးအဆင့်သဘောတူညီမှုရပြီဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။
26-Jun-2019
တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အောင်မင်္ဂလာပတ်လမ်းတွင် ဇွန် ၂၅ ရက် ညပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ လူငယ်သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
26-Jun-2019
ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်အနောက်ရပ်ကွက်၊ နတ်စင်လမ်းတွင် ဇွန် ၂၅ ရက် နံနက်ပိုင်းက အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာ ၎င်း၏ ချစ်သူမိန်းကလေးက လမ်းခွဲသွားသဖြင့် ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
26-Jun-2019
တနင်္သာရီတိုင်းတွင် ယခုနှစ် ငါးလတာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူတစ်ရာနီးပါး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန စာရင်းအရ သိရသည်။
26-Jun-2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၁၉၉၀ ခုနှစ်များအတွင်းက နယူးယောက် ကုန်တိုက်တစ်ခု၏ အဝတ်လဲခန်းတွင် လိင်စော်ကားမှု ပြုလုပ်ခဲ့သည်ဟု ၎င်းအား မဂ္ဂဇင်းဆောင်းပါးရှင် အမျိုးသမီးတစ်ဦးက စွပ်စွဲထားခြင်းနှင့်ပတ်သက်၍ တနင်္လာနေ့က ထပ်မံငြင်းဆန်လိုက်ပြီး “သူက ကျုပ်အကြိုက်ပုံစံ မဟုတ်ပါဘူး”ဟု ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
26-Jun-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) NDAA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ထိန်းချုပ်ရာ အထူးဒေသ (၄) မိုင်းလားမြို့တွင် ဇွန်လ ၂၆ ရက် နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ်သန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိသည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။
26-Jun-2019
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်၏ ဝန်ကြီးအဖြစ် ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူကို ခန့်အပ်ကြောင်း ဇွန်လ ၂၆ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောကြားသည်။
26-Jun-2019
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်သော ဇွန် ၂၆ ရက်နေ့တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့၌ ဖမ်းဆီးရမိထားသော အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။
26-Jun-2019
လယ်ယာထွက်ကုန်ပစ္စည်းများကိုအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရေးနှင့် လုပ်သားစွမ်းအားအခြေပြု စက်မှုလုပ်ငန်းဇုန်ကို အမေရိကန်ဒေါ်လာသန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံ၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Dagon International Limited ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
26-Jun-2019
အီရန်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီနှင့် အီရန်ထိပ်တန်းအရာရှိကြီးများအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူကြောင်း အင်္ဂါနေ့ (ဇွန်လ ၂၅) တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းသည် အမေရိကန်နှင့်အီရန်အကြား သံတမန် ဆက်ဆံရေးလမ်းကြောင်း ရာသက်ပန် ပိတ်ပင်လိုက်သည့် သဘောပင်ဖြစ်သည်ဟု အီရန်အစိုးရက အဆိုပါအမေရိကန် ဒဏ်ခတ်အရေးယူမှုသစ်နှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်သည်။
25-Jun-2019
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ယခုနှစ်အောက်တိုဘာလတွင် အပြီးသတ် ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောကြားသည်။
25-Jun-2019
ကိုယ့်လူကိုယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်ထားမှုမှာမဖြစ်သင့်ကြောင်း SNLD ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန်လွင်က ဝေဖန်လိုက်သည်။
25-Jun-2019
မလေးရှားနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ကျောင်းသားကလေးငယ် ၇၅ ဦး ခန့် အသက်ရှူကျပ်ကာ အော့အန်ခဲ့ပြီးနောက် ဂျိုဟိုးပြည်နယ်တွင် ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်ထားလိုက်ရသည်
25-Jun-2019
စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများက ငွေရှင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်မကပ်သောကြောင့် ဒဏ်ရိုက် ခြင်းမှ တစ်လအတွင်း ကျပ် ၁၁ သန်းကျော် ကောက်ခံရရှိထားကြောင်း