News

POST SECTION

LATEST NEWS POST

20-Jan-2019
လူသားများသည် ၎င်းတို့ကိုယ်တိုင် ကျန်းမာရေးနှင့် ကမ္ဘာမြေကို ကယ်ဆယ်ရန်အတွက် ပဲနှင့် အသီးအရွက်ကို ပိုစားကာ အသားကိုလျှော့ရမည်ဟု သုတေသန လေ့လာသူများက ပြောကြားလိုက်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။
20-Jan-2019
အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း၌ အမျိုးသမီး ထောင်ပေါင်းများစွာ စုံရုံးကာ ကျား၊ မ တန်းတူ အခွင့်အရေးရရှိရေး၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု၊ ရွှေ့ပြောင်း အခြေချသူများ အခွင့်အရေး အစရှိသည်တို့အပေါ် အာရုံစိုက် အလေးပေးရေးအတွက် ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
20-Jan-2019
မြိတ်မြို့၊ မြိတ်တောင်နယ်မြေတွင် ဇန်နဝါရီလ ၁၈ ရက်က WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။
20-Jan-2019
အဝေးသင် ဝိဇ္ဇာဘာသာရပ် အထူးပြုကျောင်းသားများ အနီးကပ် နှစ်ကြိမ်ခွဲတက်ရမည်ကို ကန့်ကွက်မည့် “ဖဲကြိုးနီကျောင်းသားလှုပ်ရှားမှု ဦးဆောင်ကော်မတီ”ကို ကျောင်းသားကိုယ်စားလှယ် အသီးသီးပါဝင်၍ ယနေ့ (ဇန်နဝါရီ ၂၀ ရက်)က ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့ကြသည်။
20-Jan-2019
ကျောင်းသား၊ ကျောင်းသူ နှစ်ရာကျော်ကို ဆေးတက္ကသိုလ်ဝင်ခွင့်ပြုလုပ်ပေးမည်ဖြစ်ကြောင်း လွှတ်တော်တွင်ပြောကြားထားသော်လည်း ယနေ့အချိန်အထိ ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်မရသေးကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
20-Jan-2019
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် YBS ယာဉ်များကို ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူခဲ့သည့် အမှုပေါင်း သုံးသောင်းငါးထောင်ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှသိရသည်။
20-Jan-2019
ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္ထိရုပ်ရှင်ဇာတ်ကားကို ပြည်ပအထိ ထုတ်လုပ်ဖြန့်ချိပြသရန် ရည်ရွယ်ထားသည့်အတွက် ဇာတ်အခန်းစဉ်နှင့် ဇာတ်ညွှန်းပြည့်စုံမှုအပါအဝင် Sub Title ရေးထိုးရေးအတွက် အဆင့်မီဘာသာပြန် ကိစ္စများ တစ်ပြိုင်တည်းဆောင်ရွက်ရန် လိုအပ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ပြောကြားသည်။
20-Jan-2019
ရေနံချောင်းမြို့ရှိ မြစိမ်းရောင်ရုပ်ရှင်ရုံမြေနေရာကို ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးမှ ကျပ်သိန်း (၈၀၀၀) ဖြင့် ရောင်းချရန်ကြော်ငြာခဲ့သဖြင့် ထိုသို့ရောင်းချပါက ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အဆိုပါဒေသခံများက ဆိုသည်။
20-Jan-2019
ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးသတ် ဖျက်သိမ်းပေးရေး လူထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပုသိမ်မြို့ကျောင်းသားလူငယ်များပူးပေါင်း၍ ယင်းမြို့တွင် ဇန်နဝါရီ ၂၇ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ပြီး မြို့ငါးမြို့တွင် ဆန္ဒဖော်ထုတ်ပွဲများ ဆက်လက်လုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။
20-Jan-2019
ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၀၄ နှစ်ပြည့် မွေးနေ့အမီ ဗိုလ်ချုပ်ပန်းခြံနှင့် စာကြည့်တိုက်တို့ကို တောင်ငူမြို့နယ်ကန်လမ်းနှင့် စည်သူလမ်းထောင့်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ဇန်နဝါရီလ တတိယပတ်မှစတင်၍ တည်ဆောက်နေကြောင်း ယင်းအဆောက်အအုံများတည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။
20-Jan-2019
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် နှင်းဆီပန်းအဝိုင်းအနီးတွင် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားနှင့်ဝိုင်းခုတ်ခဲ့သူ ၁၇ ဦးလုံးကို ဖမ်းမိပြီဖြစ်ကြောင်း ပျဉ်းမနားမြို့မ ရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးက ပြောကြားသည်။
20-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ငါးရက်ကြာ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေကြောင်း ယင်းဌာနဌာနမှူး ဦးသန်းမြင့်က ပြောကြားသည်။
20-Jan-2019
ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၅၀၀ ကျော်အထိရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ပြောကြားသည်။
20-Jan-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက်အုပ်ချုပ်ရေးမှူးကို အပြောင်းအလဲလုပ်ခဲ့သည့်အပေါ် ကျေနပ်ခြင်းမရှိဟုဆိုကာ ဒေသခံဦးရေ ၃၀ဝ ခန့်က ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့သည်။
20-Jan-2019
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများအတွက် ရောဂါဒဏ်ခံနိုင်ရည်ရှိ၍ အထွက်နှုန်းကောင်းသည့် ဟင်းသီးဟင်းရွက်မျိုးကောင်းများကို တောင်သူများထံ မကြာမီဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။