News

POST TYPE

IT

Laptop အဟောင်းတစ်လုံးကို ဘယ်လိုရွေးချယ် ဝယ်ယူမလဲ
26-Sep-2017 tagged as

Laptop အဟောင်းတွေကို ပြန်ရောင်းနေကြတာတွေ အတော်များများ တွေ့နိုင်မှာ ဖြစ်ပါတယ်။ Second Hand ဈေးကွက်ကလည်း တကယ့်ကို ကြီးကြီးမားမား ရှိနေပါတယ်။ ဖေ့ဘွတ်ခ်စာမျက်နှာကနေ တစ်ဆင့် ရောင်းချနေတဲ့ Second Hand Laptop အရောင်းဆိုင်တွေမှ အများကြီးကို ရှိပါတယ်။ ဒီလို Laptop အဟောင်းတစ်လုံးကို ဘယ်လိုရွေးချယ် ဝယ်ယူသင့်တယ် ဆိုတာကို ဒီတစ်ပတ် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ် ဘာလိုအပ်တာလဲ

Second ကို ဝယ်မယ်လို့ စဉ်းစားတယ် ဆိုကတည်းက မလိုအပ်ဘဲ ငွေမသုံးချင်လို့၊ ချွေတာချင်လို့ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး။ ဒီတော့ ကိုယ်ဘာအတွက် အသုံးပြုမယ် ဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်လိုအပ်တဲ့ အနေအထားကို သိနားလည်သူနဲ့ တိုင်ပင်ပြီး ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။ မလိုအပ်ဘဲ ပိုကောင်းတဲ့ Laptop တစ်လုံးကို ဈေးအပိုမပေးပါနဲ့။ နောက်တစ်ခုက ကိုယ်အသုံးပြုချင်တဲ့ ကိစ္စတွေက မြင့်မားတဲ့ စွမ်းဆောင်ရည်ကို လိုအပ်ပြီး ကိုယ်က ဈေးသက်သာတဲ့ အနိမ့် Laptop တစ်လုံးကို ဝယ်မိတယ် ဆိုရင်လည်း အလကားပါပဲ။

ဘက်ထရီစွမ်းဆောင်ရည်ကို စစ်ဆေးပါ

Laptop တစ်လုံးကို ဝယ်တော့မယ်ဆိုရင် ဘက်ထရီက ဘယ်လောက်အသုံးခံတယ် ဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ အများကြီးတော့ မမျှော်လင့်ပါနဲ့။ တစ်နာရီလောက် အသုံးခံတယ် ဆိုရင်ပဲ မဆိုးဘူးလို့ ပြောရမယ့် အခြေအနေပါ။ ဘက်ထရီတစ်လုံးရဲ့သက်တမ်းက ပျမ်းမျှ ၃ နှစ်လောက်သာ ရှိတဲ့အတွက် အကောင်းကြီးကို ရလိမ့်မယ်လို့တော့ မျှော်လင့်လို့ မရနိုင်ပါဘူး။ အလွယ်တကူဖြုတ်ပြီး လဲလှယ်နိုင်တဲ့ ဘက်ထရီဖြစ်ရဲ့လား ဆိုတာပဲ ဆန်းစစ်ပြီး ရွေးချယ်သင့်ပါတယ်။ ဘက်ထရီတစ်လုံးရဲ့တန်ဖိုးက ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင် ရှိပါတယ်။

စွမ်းဆောင်ရည်တွေ စစ်ဆေးပါ

ဝိုင်ဖိုင်ချိတ်ဆက်နိုင်မှု စတဲ့ စွမ်းဆောင်ရည်တွေကို စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် တပ်ဆင်ထားတဲံ့ Hardware တွေကရော တကယ့်စွမ်းဆောင်ရည် အပြည့်ရရဲ့လား ဆိုတာကို စစ်ဆေးပြီး စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။ 

အသံ၊ ရုပ်ထွက် စတာတွေကိုလည်း စိတ်တိုင်းကျမကျ စစ်ဆေးကြည့်သင့်ပါတယ်။

ဘယ်သူရောင်းတာလဲ

စီးပွားရေး လုပ်နေကြတာဖြစ်တဲ့အတွက် ဘယ်ဆိုင်တွေမှာတော့ မဝယ်နဲ့ ဆိုတာမျိုး မပြောလိုပါဘူး။ ဒါပေမဲ့လို့ ကိုယ်ဝယ်မယ့်ဆိုင်က ဘယ်လောက်ယုံကြည်ရသလဲ ဆိုတာကိုတော့ လေ့လာဖို့ လိုပါတယ်။ ဈေးပိုကြီးနေမှာလား၊ အရည်အသွေး မကောင်းဘူးလား စတာတွေကို နားလည်တတ်ကျွမ်းတဲ့ သူတွေနဲ့ တိုင်ပင်ဖို့လည်း လိုပါတယ်။ အပြင်မှာ အသစ်ဈေးတွေ ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း လေ့လာပါ။ ပြီးရင် ကိုယ်အသုံးဝင်မယ့် အမျိုးအစားကှို Second ဈေးကွက်မှာ ရှာပြီး စိတ်ကြိုက်တွေ့မှ ဝယ်ယူပါလို့ တိုက်တွန်းချင်ပါတယ်။

  • TAGS