26-Sep-2016
မြန်မာဘက်က မြန်မာကုမ္ပဏီတွေကတော့ နားလည်ဖို့ လိုတာကတော့ အထူးသဖြင့် အနောက်ဘက်နိုင်ငံတွေ တိုးတက်တဲ့ နိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံလို့ ရှိရင်တော့ သူတို့အနေနဲ့ အရေးကြီးဆုံးက Corporate Governance ဆိုတဲ့ အုပ်ချုပ်မှုပေါ့။ မှန်ကန်တဲ့ အုပ်ချုပ်မှုက သူတို့အနေနဲ့ အရေးကြီးဆုံး ဖြစ်တယ်။ အဲဒီမှာ ဒီသမိုင်းကြောင့် မြန်မာကုမ္ပဏီ အနေနဲ့ ဒီဘက်မှာ အားနည်းတဲ့ အခြေအနေက ရှိတယ်။ အဲဒီဟာကို ပြုပြင်ဖို့ လိုတယ်။ အဲဒါတွေ မပြုပြင်နိုင်ရင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ တွဲဖက်ပြီး စီးပွားရေး လုပ်ချင်လာအောင် လုပ်ဖို့က အခက်အခဲ ရှိမယ်လို့ အန်ကယ် မြင်တယ်။