12-Dec-2016
တောင်ဒဂုံမြို့နယ် လေးထောင့်ကန်ကျေးရွာတွင် ကျင်းပသော မြို့နယ် NLD ပါတီရုံးခန်း ရန်ပုံငွေရှာဖွေပွဲမှ ပြန်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို ဒီဇင်ဘာလ ၁၁ရက် ညပိုင်းက အမှတ် (၂)လမ်းမကြီး တိုးဂိတ်အကျော်တွင် အမျိုးသားငါးဦးက ဟွန်ဒါ အငှားယာဉ်ဖြင့် ဘေးချင်းယှဉ်လိုက်လာကာ ဆဲဆိုခြိမ်းခြောက်ခဲ့သည်။ အဆိုပါ အငှားယာဉ်က လွှတ်တော်ကိုယ်စားလှယ်စီးလာသည့် မော်တော်ယာဉ်ရှေ့ကို ပိတ်ကာ ဆဲဆိုခြိမ်းခြောက်နေသောကြောင့် တောင်ဒဂုံ ရဲစခန်းကို ဖုန်းအကြိမ်ကြိမ်ဆက်ပြီး အကူအညီတောင်းသော်လည်း အကူအညီမရခဲ့ပေ။ ယင်းကြောင့် အဆိုပါ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီနှင့် တွေ့ဆုံကာ အသက်အန္တရာယ်ကြုံလာချိန်တွင် အကူအညီမရခဲ့မှု၊ ဆဲဆိုခြိမ်းခြောက်ခံရမှုနှင့် ဖြစ်စဉ်များကို မီဒီယာများက မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။