News

POST TYPE

INTERVIEW

ထွန်းအိဒ္ဒြာဗိုလ် နှင့် တွေ့ဆုံခြင်း
22-Jan-2020
"မျှော်ရင်းမျှော်ရင်းနဲ့ နှစ်တိုင်းလွဲနေတာ မမှတ်ကြသေးဘူး"


နာမည်ကျော်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံခိုက် မြန်မာပေါကားရပ် ရုပ်ရှင်အပေါ်အမြင်များ ၊ ယုန်လေးနဲ့ ရိုက်ကူးမယ့်ဇာတ်ကားအကြောင်းနဲ့ အကယ်ဒမီအတွက်စိတ်ခံစားချက်တွေကို မေးမြန်းထားခဲ့ပါတယ်။ 

Voice : ကိုမိုက်တီးရိုက်ထားတဲ့ မြန်မာပေါကားရပ် ရုပ်ရှင်အပေါ်ဘယ်လိုခံစားမိလဲ။  
TEDB : ကိုမိုက်က ဟိုးအရင်ကတည်းက ရိုက်တာကပလော့နဲ့ တကယ်ရယ်ရတဲ့ ဟာသကားမျိုးတွေကိုဆင်ပြီးတော့ ရိုက်တာပေါ့နော်။ ဒရာမာရိုက်မယ်ဆိုလည်း တကယ်နင့်နင့်သီးသီး ရိုက်ချက်မျိုးနဲ့ ဇာတ်လမ်းမျိုးနဲ့ ဖန်တီးတာဆိုတော့ ကိုမိုက်ရဲ့ကားတွေကိုအစကတည်းက ကျွန်မကကြိုက်တယ်။ကိုမိုက် Fan ပေါ့နော်။အခုလိုကြည့်ခွင့်ရတာ အရမ်းဝမ်းသာတယ်။ကိုမိုက် အတွက် ဂုဏ်ယူပါတယ်။ကိုမိုက်နဲ့ အရင်ကတည်းက ဆုံဖူးတယ်။ဗီဒီယိုကားတွေ ရိုက်တုန်းကပေါ့။တော်တော်များများ ဆုံဖူးပါတယ်။ ကိုမိုက်ကားလေးက အောင်မြင်မယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။ 

Voice : ဒီနှစ်ထဲမှာရော ကားရိုက်တွေ ဘာတွေ လက်ခံထားလဲ။ 
TEDB : ဒီနှစ်ထဲမှာတော့ ကျွန်မ မတ်လထဲလောက်မှ ရိုက်လို့ရမယ်ထင်တယ်။ ကျွန်မ မျက်နှာကြောင့်လေ။ မျက်နှာကြောင့်ရယ်လို့တော့ မဟုတ်ဘူး။ အစကတည်းကလည်း ကားရိုက်တွေကကျဲလာပြီဆိုတော့ မတ်လမှာပဲ တစ်ကားပြန်စပါမယ်။ကျွန်မအနေနဲ့ အများကြီး တော့ ရိုက်ဖို့အဆင်မပြေတော့ဘူး။ကျွန်မ အသက်အရွယ်က ဇာတ်ရုပ်ရှားတာလည်းပါတယ်။ကျွန်မကို တကယ်ခိုင်းတဲ့ကားလည်း ဖြစ်ချင်တယ်။ကျွန်မအများကြီး ရွေးချယ်လိုက်ပါတယ်။ 

Voice : ယုန်လေးနဲ့ ရိုက်မယ့် ရုပ်ရှင်ကားကဘယ်လိုမျိုးလဲ။ 
TEDB : ပထမဆုံး ရိုက်ဖြစ်မယ့်ကားကတော့ ယုန်လေး ဒါရိုက်တာလုပ်မယ့်ကားပါ။ယုန်လေးက အက်ရှင်အကြမ်းစားမှာမှ ကားတစ်ကားလုံးမှ ဂိုဏ်းခေါင်းဆောင် အမျိုးသမီးတစ်ယောက်ပေါ့။ယုန်လေးနဲ့ ရိုက်ဖြစ်တာကတော့ သူ့ရဲ့ဇာတ်ကား ထွေလာလေးတွေကို ကြည့်ဖြစ်တယ်။သူကတော့ သူ့ရဲ့နောက်ထပ် တစ်ဘာသာပေါ့လေ။သူ့ရဲ့ ရိုက်ချက်နဲ့သွားတဲ့ ပလော့မျိုး တွေပေါ့နော်။ 

Voice : အကယ်ဒမီအတွက် ရှေ့သွားနောက်လိုက်ကားနဲ့ ထင်ကြေးပေးနေကြပြီနော်။ 
TEDB : ကျွန်မကတော့ ကားတွေပေါ်မှာအားရတယ်၊ အားမရဘူးရယ်လို့တော့ ကိုယ့်ဘာသာပြောဖို့ကတော့ တော်တော်လေး ကိုယ့်ဘက်ကနေပြီးတော့ အဖြေမထုတ်တတ်ပါဘူး။အများရဲ့ ဆုံးဖြတ်ချက်ပါ။ကျွန်မ Fan တွေက ရစေချင်ကြသလိုပဲ တခြားသရုပ်ဆောင်တွေရဲ့ Fan တွေကလည်း သူတို့ ချစ်ခင်နှစ်သက်သူကို အကယ်ဒမီရတာကို မြင်ချင်ကြတာပဲလေ။ဒါကတော့ သတင်းက အမျိုးမျိုးထွက်နိုင်ပါတယ်။ဘယ်ဟာမှ မသေချာပါဘူး။
 
Voice : မခိုင်ကြီးရဲ့ Fan တွေကိုရော ဘယ်လိုလေး ပြောထားချင်သေးလဲ။ 
TEDB : ဘယ်နှနှစ်ရှိပြီလဲ။အဲလိုပဲ မျှော်ရင်း မျှော်ရင်းနဲ့ နှစ်တိုင်းလွဲနေတာ မမှတ်ကြသေးဘူးလားပေါ့နော်။အရင်တုန်းကလည်း ရတာကတစ်ကား မှန်းထားတာ တစ်ကားပေါ့လေ။မှန်းတိုင်းလည်း မဖြစ်တော့ ဒီစကားပဲ ပြောရတာပေါ့နော်။ အသက်အရွယ်ရလာတော့လည်း အကုန်လုံးအေးသွားတာပဲ။ဘာကိုမှလည်း သိပ်ကို ရင်မခုန်တော့ဘူး။တစ်ခုခု ကျွန်မလုပ်စရာ ရှိတာကို လုပ်ရင် ကျွန်မလက်ခံပြီး လုပ်တဲ့အလုပ်က ကျွန်မတာဝန်ဖြစ်တယ်။ကျန်တဲ့အရာအားလုံးကို ပျော်ပျော်ရွှင်ရွှင် ပြေပြေလည်လည်ဖြစ်နေရင် ဘယ်သူ့ကိုမဆို ဘေးကနေကျေနပ်ပါတယ်။အကယ်ဒမီ ဘုတ်အဖွဲ့လည်းပြောင်းတယ်ဆိုတော့ နောက်ထပ် အသစ်တစ်ခု မြင်ရမယ်လို့ထင်ပါတယ်။ 

ခင်ညိုညိုသိမ့်