News

POST TYPE

INTERVIEW

သင်ဇာ၀င့်ကျော် နှင့် တွေ့ဆုံခြင်း
21-Jan-2020
"သင်ဇာကတော့ ဘယ်တော့မှကိုယ့်ကို ကျေနပ်အားရတယ်ဆိုတာမျိုးမရှိဘူး"



သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့တွေ့ဆုံခိုက် မြမြရုပ်ရှင်ဇာတ်ကားအကြောင်း မြမြကာရိုက်တာအကြောင်းနဲ့ ချစ်သူများနေ့မှာ 
ဖြတ်သန်းသွားမယ့်အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice  : မြမြလည်း ရုံတင်တော့မယ်ဆိုတော့ မြမြကာရိုက်တာအတွက် ဘယ်လိုကျေနပ်အားရတာမျိုးရှိလဲ။ 
TZWK  : အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်တာပဲ။ကိုညို အခွင့်အရေးပေးသလောက် ကြိုးစားပြီးလုပ်တာပေါ့နော်။ဒါကတော့ သူတို့ဘက်က အမြင်ပေါ့။ကိုယ်တိုင်ကတော့ ဒီဇာတ်လမ်းကို မကြည့်ရသေးတဲ့အခါကျတော့ ကျေနပ်အားရမှုရှိလား မရှိလားဆိုတာကတော့ဇာတ်လမ်းထွက်လာမှပဲသိမှာပဲ။တချို့ဆင်းမ်တွေကျတော့လေ ရိုက်တဲ့အချိန်မှာ အရမ်းအားရတယ်။ဒါပေမဲ့ တကယ်တမ်း ထွက်လာလို့ကြည့်ရင် လိုနေတာမျိုးတွေရှိတတ်တယ်။သင်ဇာကတော့ ဘယ်တော့မှကိုယ့်ကို ကျေနပ်အားရတယ်ဆိုတာမျိုးမရှိဘူး။ပြန်ကြည့်တိုင်း လိုတယ်လို့ ခံစားရပါတယ်။
 
Voice  : မြမြအတွက် ကိုယ်တိုင်က ဘာတွေ စိုးရိမ်တာမျိး ရှိလဲ။ 
TZWK  : ဒီကားကကြည့်ပြီးသွားရင် သဘောပေါက်သွားပါလိမ့်မယ်။တချို့တွေက မုဒိမ်းကားလို့သာ မြင်နေကြတယ်။တကယ်တမ်းက မုဒိမ်းကျင့်တဲ့အခန်းက အခန်းတိုင်းပါနေတာမှမဟုတ်တာ။ တစ်ခန်းလောက်ပဲ မရိုက်မဖြစ်လို့သာ ရိုက်ပြထားတဲ့သဘောပဲ။အဓိကတော့ ကိုညိုရဲ့ စိတ်ကူးဇာတ်လမ်းလေးကို တင်ဆက်ပြသသွားမယ့် သဘောပေါ့။ပြီးလို့ရှိရင် ကောင်းတဲ့မက်ဆေ့ချ်လေး တွေလည်း အများကြီးပါပါတယ်။အဲဒီကားကို ကြည့်တယ်ဆိုရင် မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်ဆင်ခြင်သင့်တယ်ဆိုတာ မက်ဆေ့ချ်ရသွားနိုင်တယ်။အဲဒါကြောင့်မို့ ဘာမှမစိုးရိမ်ပါဘူး။စိုးရိမ်စရာလည်း မရှိပါဘူး။ 

Voice  : သင်ဇာ့အတွက်ရော ဘယ်လောက်ထိ တာဝန်ကြီးခဲ့လဲ။ 
TZWK  : တာဝန်ကြီးတယ်ဆိုတာထက် ကိုညိုတောင်မှ ရဲရဲဝံ့ဝံ့ကြီး သင်ဇာကိုယုံကြည်ပြီး ဒီလိုမျိုးရိုက်ခဲ့ပေးတာပေါ့။ကိုယ်တိုင်ကရော ဘာလို့ မယုံကြည်နိုင်ရမှာလဲ။ 

Voice  : ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ကားလေးဆိုတော့ ပရိသတ်ကရော ဘယ်လိုခံစားသွားနိုင်လဲ။ 
TZWK  : စောင့်ရကျိုးနပ်ရမယ့် ကားလေးတစ်ကား ဖြစ်မှာပါလို့။သူများတွေက ဘယ်လိုပြောကြပါစေ။မုဒိမ်းကားတွေ ပြောပြော တကယ်တမ်းကြည့်လိုက်တဲ့အချိန်မှာ ကောင်းတဲ့မက်ဆေ့ချ် လည်းပေးထားတယ်။ရသမျိုးစုံလည်း ပေးထားတယ်။ 
 
Voice :  ချစ်သူများနေ့ နီးလာပြီဆိုတော့ တစ်ယောက်တည်းပဲ ဖြတ်သန်းတော့မှာလား။ 
TZWK  : တစ်ယောက်တည်းပါပဲ။အဲဒီအတွက်လည်း အထီးမကျန်ပါဘူး။ကိုယ့်ကိုချစ်ပေးတဲ့သူတွေ ကိုယ့်အနားမှာရှိနေတယ်။ အတိတ်ကအကြောင်းတွေကိုလည်း မေ့လိုက်တယ်။လက်ရှိ ပစ္စုပ္ပန်မှာပဲနေတယ်။တစ်ယောက်တည်းကျတော့လည်း ကိုယ်လုပ်ချင် တာကို လုပ်လို့ရတာပေါ့။နှစ်ယောက်ဆို ညှိနေရမယ်လေ။တစ်နေရာ သွားချင်စားချင်တယ်ဆိုရင်တောင် ညှိနေရမယ်။သူမသွားချင် မစားချင်လည်း ကိုယ်လည်း မသွားရတော့ဘူးပေါ့။နှစ်ယောက်ဆို အလုပ်ရှုပ်တယ်။တစ်ယောက်တည်းဆို ပိုကောင်းတယ်။ အထီးကျန်ရင်လည်း သူငယ်ချင်းတွေနဲ့ ဖြတ်သန်းလို့ရတယ်။မိသားစုတွေနဲ့ ဖြတ်သန်းလို့ရတယ်။                   

ခင်ညိုညိုသိမ့်