News

POST TYPE

INTERVIEW

နေတိုးနှင့်တွေ့ဆုံခြင်း
20-Jan-2020
" ကားများများ ရိုက်ရတဲ့ သရုပ်ဆောင်ထဲမှာ ပါဝင်နေတာဆိုတော့ ကားတိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တာချည်းပဲ "



နာမည်ကျော်သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံခိုက် မြက်နုရုပ်ရှင် ဇာတ်ကားအကြောင်း၊ ရိုက်ထားခဲ့သော ဇာတ်ကားတွေထဲကအားအရဆုံး ဇာတ်ကားအကြောင်းနဲ့ ၂၀၂၀အတွက်အနုပညာ အစီအစဉ်တွေ အကြောင်းကိုမေးမြန်းထားပါတယ်။ 

Voice : ဒီနှစ်မှာ ကိုနေတိုးရဲ့ လှုပ်ရှားသွားမယ့် အနုပညာတွေအကြောင်းပြောပြပါဦး။
NT     : အစီအစဉ်တွေကတော့ ဖေဖော်ဝါရီလမှာတော့ ရုပ်ရှင်တစ်ကားစရိုက်ဖို့တော့ရှိတယ်။ဆက်တိုက်ရိုက်ဖို့ကားတွေကတော့ စီစဉ်ထားတာရှိပါတယ်။

Voice : မြက်နုရုပ်ရှင်လေးလည်း ရုံတင်တော့မယ်နော်။
NT     : အဲဒါလေးကတော့ လူကြီးနဲ့ ဂျိတ်ပေါ့နော်။ကာရိုက်တာနာမည်လေးကတော့ ချစ်စရာကောင်းတယ်။ဇာတ်ကားလေးက ကျွန်တော်က ရိုမန့်ကားလေးပါပဲ။အရမ်းကြီး ဆူဆူပူပူ မပါဘူး။ဇာတ်တစ်ကားလုံးကို ကျွန်တော်ကြည့်တဲ့အချိန်မှာ တစ်ကားလုံးကြည်နူးစရာကောင်းပြီးတော့ ပြုံးပြီးကြည့်နေရတဲ့ ဇာတ်လမ်းလေးပေါ့။အရမ်းကို Sweet ဖြစ်ပါတယ်။  

Voice : မြက်နုထဲက ကာရိုက်တာက ကိုနေတိုး သိပ်မလုပ်ဖြစ်တဲ့ ကာရိုက်တာမျိုးနော်။ 
NT     : ဟုတ်တယ်။ကာရိုက်တာကိုက နည်းနည်းကြီးချင်တယ်။အဲဒီအတွက်  မိတ်ကပ်ပြင်ဆင်မှုတွေပါတယ်။တချို့ဇာတ်ဝင်ခန်းတွေ စကားလုံးတွေပြောတဲ့အခါမှာ တော်တော်များများပေါ့နော်။ Flow တွေပေါ့ အသက်ကြီးတဲ့လူတစ်ယောက်ရဲ့ Flow မျိုးဖြစ်အောင် အသံကိုလည်း အရမ်းကြီးလုပ်ပြီး ပြောနေရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူး။ဒီပေါ်မှာ သဘာဝလည်းဖြစ်နေမယ်။တော်တော်များများ အချိန်ယူပြီး လေ့လာခဲ့ရတယ်။လေ့ကျင့်ခဲ့ရတယ်။ အဲလိုတော့ရှိတယ်။ဒီဇာတ်ကားလေးက အချစ်ကားဆိုပေမယ့် နည်းနည်းလေး လှည့်ထားတာလေးတွေလည်းပါတယ်။ဇာတ်ရဲ့ မထင်မှတ်တဲ့အရာလေးတွေမှာ အက်တင်လေးတွေလုပ်ရတဲ့ အပိုင်းမျိုးလေးတွေရှိတယ်။ အခက်အခဲလေးတွေ အကြိမ်ကြိမ်ပြန်ရိုက်ရတာလေးတွေလည်း ရှိပါတယ်။အဲဒီကာရိုက်တာလေးကလည်း ပါးပါးလေးနဲ့ခက်တယ်။  ကျွန်တော့်အနေနဲ့က ဒီလိုဇာတ်ကောင်တွေကို အက်တင်ပါးပါးလေးနဲ့လုပ်ရတဲ့ ဇာတ်ကောင်းတစ်ကောင်ပါ။ 

Voice : ပြီးခဲ့တဲ့နှစ်အတွင်း ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတွေထဲမှာ ဘယ်ကားကို အားအရဆုံးဖြစ်ခဲ့လဲ။
NT     : ကျွန်တော့်အနေနဲ့က အားအရဆုံးကားတွေရယ်လို့တော့မဟုတ်ဘူး။ကားများများ ရိုက်ရတဲ့ သရုပ်ဆောင်ထဲမှာ ပါဝင်နေတာဆိုတော့ ကားတိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တာချည်းပဲ။ပရိသတ်ကတော့ တစ်ကားတစ်မျိုးစီတော့ ကျေနပ်မယ်လို့တော့ မျှော်လင့်ပါတယ်။

Voice : လက်ရှိမှာ ကိုနေတိုးရဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားလည်း ထိပ်တိုက်ပြထားပေမယ့် အောင်မြင်နေတယ်နော်။ 
NT     : ကျွန်တော်တို့လို အနုပညာရှင်တိုင်းကတော့ ကိုယ့်ရုပ်ရှင်ကား အောင်မြင်တယ်ဆိုရင်တော့ ဝမ်းသာတာပေါ့နော်။  ပီတိဖြစ်တယ်ပေါ့။ ဒီဟာကတော့ ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။ပရိသတ်ရဲ့ အားပေးမှုက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ဖို့အတွက် ခွန်အားဖြစ်သလို ကျွန်တော်တို့အတွက်ကို ပရိသတ်ရဲ့အားပေးမှုက ရပ်တည်မှုတစ်ခုလည်းဖြစ်တယ်။အခုလိုအောင်မြင်မှုပေါ်မှာ အရမ်းလည်း ဝမ်းသာမိပါတယ်။ 

ခင်ညိုညိုသိမ့်