News

POST TYPE

INTERVIEW

ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခြင်း
16-Jan-2020
"ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေတာဖြစ်တဲ့အတွက်ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေတာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ရင်ထဲရောက်ဖို့က အဓိကပေါ့"


နာမည်ကျော်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့တွေ့ဆုံခိုက် အိပ်မက်မြစ်အကြောင်း၊ အကယ်ဒမီဆုအတွက် ရင်ခုန်မှုတွေအကြောင်းနဲ့ ဇာတ်လမ်းကောင်းများရွေးပြီး ရိုက်သွားမယ့် စတဲ့အကြောင်းအရာကို မေးမြန်းထားပါတယ်။ 

Voice  : အိပ်မက်မြစ်ဇာတ်ကားမှာ ကစ်ရဲ့ပြောင်းလဲမှုက ဘယ်လိုများဖြစ်မလဲ။
WHSY : ပြောင်းလဲမှုတော့ရှိမယ်။ကစ်ရိုက်မယ့် အိပ်မက်မြစ် ဇာတ်ကားဆိုရင်လည်း ဇာတ်ကားအနေနဲ့ရော ဇာတ်ရုပ်အနေနဲ့ပါ ထူးခြားတယ်။ဇာတ်ကောင်အတွက် လုပ်ရတာဆိုရင် ပြောရရင်အများကြီးပဲ။ကိုယ်တွေလည်း အခုချိန်ထိသင်နေရတုန်း လေ့လာနေရတုန်း၊ ကိုယ် အများကြီးပေါ့နော်။ချဉ်းကပ်တာကျတော့ ချက်ချင်းတော့ ချဉ်းကပ်လို့မရဘူး။ကစ်အနေနဲ့ပြောတာပေါ့နော်။ ကာရိုက်တာတစ်ခုရဲ့ ဇာတ်ကောင် Mood ရဖို့ အချိန်ပေးရတယ်။စိတ်ကကစ်ခန္ဓာကိုယ်ထဲ စိတ်ရောက်ဖို့အတွက်ပေါ့။ဥပမာ- နှင်းဆီဆိုလည်း နှင်းဆီလှလှဆိုလည်း လှလှပေါ့။အဲလိုဖြစ်ဖို့က အချိန်ပေးရတယ်။စိတ်တစ်ခု လိုတာပေါ့။ 

Voice  : အကယ်ဒမီလည်း နီးလာပြီဆိုတော့ ကစ်ရဲ့ ကားတွေအတွက် ဘယ်လိုရင်ခုန်မှုမျိုးရှိလဲ။ 
WHSY : အကယ်ဒမီအတွက်ကတော့ ကစ်လည်းပြောပြီးပြီ။ကစ်လည်း အမြဲတမ်းပြောပါတယ်။ကိုယ့်ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင်တော့ပေါ့နော်။ကာရိုက်တာဖြစ်အောင်ပေါ့နော်။ကြိုးစားခဲ့တယ်။အကယ်ဒမီကရတာ မရတာကတော့ ရရင်တော့ပျော်မှာ ပေါ့နော်။မရတော့လည်း သူများအတွက်ပျော်ရမှာပေါ့။ 

Voice  : နှစ်တိုင်းလည်း အကယ်ဒမီစာရင်းဝင်တွေက အမြဲပါတယ်လေ။
WHSY : ကစ်ကတော့ ရိုက်ကတည်းက အကယ်ဒမီရပါစေဆိုပြီး ရိုက်ခဲ့တာတော့မဟုတ်ဘူးပေါ့။ကိုယ်လုပ်ရမယ့်တာဝန်၊ ကိုယ် လုပ်ရမယ့်ဇာတ်ရုပ်ကို ပီပြင်ဆုံးသရုပ်ဆောင်တယ်။အဲဒီပေါ်မှာ ပရိသတ်ကြိုက်တယ်။ပရိသတ်တွေ အားပေးကြတယ်။အဲဒါက ကိုယ့်ရဲ့ Goal တစ်ခုပေါ့နော်။ကစ် ကျေနပ် တယ်။ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေတာဖြစ်တဲ့အတွက်ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေတာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ရင်ထဲရောက်ဖို့က အဓိကပေါ့။ပြီးတော့မှ အကယ်ဒမီကျတော့လည်း ဒါကနောက်တစ်ခုပေါ့နော်။ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေတာဖြစ်တဲ့အတွက်ကိုယ်က ပရိသတ်အတွက် ဖျော်ဖြေတာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ရင်ထဲရောက်ဖို့က အဓိကပေါ့။ပြီးတော့မှ အကယ်ဒမီကျတော့လည်း ဒါကနောက်တစ်ခုပေါ့နော်။ 


Voice  : မှတ်မှတ်ရရဆိုရင် မနှစ်ကရုံတင်တဲ့ လိပ်ပြာစံအိမ်က ကစ်အတွက်မှတ်တိုင်စိုက်ထူနိုင်ဦးမလား။ 
WHSY : အဲဒီကားကတော့ အမှတ်တရအများကြီးပါပဲ။မရိုက်ခင်ကတည်းက ကစ်တို့ သေသေချာချာ ဒီဇာတ်ရုပ်ကိုဖြစ်ဖို့ အသက်သွင်းထားရတယ်။အချိန်တွေ ပေးခဲ့ရတယ်။ဇာတ်ရုပ်ကို မွေးထုတ်ခဲ့ရတယ်။ရိုက်နေတဲ့အချိန်မှာ ရိုက်ပြီးသွားတဲ့ချိန်မှာရောပဲ ဒီကာရိုက်တာကို ဖြစ်နေရတယ်။တော်တော် ကြာတယ်။အနုပညာမှတ်တိုင်လို့လည်း ပြောလို့ရတယ်။အခုချိန်ထိလည်း ပရိသတ်တွေလည်း ကြိုက်တယ်။တော်တော်များများ လက်ခံအားပေးကြတယ်။ဒါကကိုယ့်ဘဝထဲက မှတ်တိုင်တွေထဲကတစ်ခုလို့ ပြောလို့ရပါတယ်။

Voice  : ဒီနှစ်အတွက် ဘယ်လိုအနုပညာတွေ ထပ်တွေ့ရဦးမှာလဲ။ 
WHSY : ကစ် ၂၀၂၀ မှာပေါ့နော်။ဇာတ်ကားတွေ အများကြီး ရွေးထားတယ်။ရိုက်ဖို့တော့ မဟုတ်သေးဘူး။ရွေးထားတယ်။အဲဒီထဲကနေ ဘယ်ကား ဦးစားပေးရိုက်ဖြစ်မလဲ စဉ်းစားနေပါတယ်။ပရိသတ်အတွက် တကယ့်ကို ကြည့်ရတာအသစ်ဖြစ်မယ့်ကားတွေကို ကစ် ဦးစားပေးရိုက်မှာပါ။ 

ခင်ညိုညိုသိမ့်