News

POST TYPE

INTERVIEW

ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခြင်း
04-Nov-2019
“ရုပ်ရှင်တစ်ခုခုကို ကြည့်ပြီဆိုရင် ကစ်အနေနဲ့ ရုံပြင်ထွက်လိုက်တာနဲ့ မေ့သွားတဲ့ ကားမျိုးဆို ကစ်မကြိုက်ဘူး” 



သရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခိုက် စာဖတ်ဝါသနာပါတဲ့အကြောင်း၊ တရုတ်မင်းသားနဲ့ မဂ္ဂဇင်းကာဗာရိုက်ဖြစ်တဲ့အကြောင်း၊ ဇာတ်ကောင်စရိုက်ရဲ့ အကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : လတ်တလောအနုပညာအလုပ် ဘာတွေလုပ်ဖြစ်နေလဲ။
WMSY : လတ်တလောကတော့ ကစ်က ပွဲတက်တွေများတယ်။ ကြော်ငြာတွေရိုက်နေပါတယ်။ ကစ်ရိုက်မယ့်ကားတွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်နေပါတယ်။ တကယ်ရိုက်ဖြစ်တဲ့ အချိန်ကျရင်ပြောပါမယ်။ 

Voice : ကစ်အနေနဲ့ ဇာတ်ကောင် စရိုက်တွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေကန့်သတ်ထားသေးလဲ။
WMSY : ဇာတ်ကားကြည့်တယ်ဆိုတာ သရုပ်ဆောင်တွေ ကိုကြည့်တာမဟုတ်ဘူး။ အဲတည်းက ဇာတ်ကောင်တွေကို ကြည့်တာပေါ့နော်။ ကစ်က ရုပ်ရှင်တစ်ခုခုကို ကြည့်ပြီဆိုရင် ကစ်အနေနဲ့ ရုံပြင်ထွက်လိုက်တာနဲ့ မေ့သွားတဲ့ကားမျိုးဆို ကစ်မကြိုက်ဘူး။ ဒါပေမဲ့ ကစ်ကကျတော့ ရုံပြင်ထွက်လိုက်တာနဲ့ အဲဒီဇာတ်ကားကိုကစ် ပြန်ပြန်ပြီးတွေးနေရမှ အဲဒီဇာတ်ကားထဲမှာပဲ အမြဲတမ်းနောက်နေ့လည်းရှိနေသေးတယ်ဆိုရင် ကစ်ကြိုက်တယ်။

Voice : ကစ်အနေနဲ့ဆိုရင် ဘယ်လိုဝတ္ထုမျိုးတွေကို ကြိုက်လဲ။
WMSY : ကစ်က ဘဝခွန်အားပေးမှုတွေဖြစ်တဲ့ မစန္ဒာတို့၊ ဆရာမ ဂျူးတို့စသဖြင့်အကုန်ကြိုက်ပါတယ်။ မမလေး အကုန်လုံးပေါ့နော်။ ကစ်ကတော့ ဖတ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ပိုဖတ်ဖြစ်တာပေါ့နော်။ ကြီးလာတဲ့အခါကျတော့ ကိုယ်နဲ့လိုက်တဲ့ ဇာတ်ကလေးတွေကိုတော့ ကိုယ်လုပ်ရင် ဇာတ်ရုပ်ပေါ်မှာ ကိုယ်တကယ်လုပ်ချင်တဲ့ ဇာတ်ရုပ်လေးတွေတော့ ပိုပြီးတော့ ဖတ်ဖြစ်တယ်။

Voice : ခရီးတွေသွားရင်လည်း စာဖတ်ဖို့ စာအုပ်တွေယူ သွားသေးတယ်နော်။
WMSY : ဟုတ်တယ်။ ငယ်ငယ်တုန်းကတော့ မျိုးစုံဖတ်တယ်။ ခွန်အားပေးတဲ့ စာအုပ်တွေကြီးလာတော့ ဇာတ်လမ်းကိုပိုဖတ် ဖြစ်တယ်။ ဝတ္ထုဇာတ်လမ်းပေါ့။ ကိုယ်ရိုက်မယ့်ဇာတ်လမ်းပေါ့။ ဇာတ်ကောင်စရိုက်တွေပေါ့။ 

Voice : တရုတ်မင်းသားလေးနဲ့လည်း POSH မဂ္ဂဇင်းကာဗာလည်း ရိုက်ဖို့ရှိသေးတယ်နော်။
WMSY : ကစ်တို့ ဒီလရိုက်ဖြစ်ပါတယ်။ သူကလည်း နာမည်ကြီးတယ်။ အရမ်းလည်း ကောင်မလေးတွေကြိုက်တယ်လို့တော့ ပြောတယ်။ ကစ်တို့ ဘန်ကောက်ကနေ ဓာတ်ပုံဆရာ၊ မိတ်ကပ်၊ Dress တွေအကုန်လုံးကို ဘန်ကောက်ကနေလာပြီးတော့ပြင်ဆင်ရိုက်ပေးတယ်။ သူတို့နဲ့ရိုက်ရတာ အချိန်လည်းပေးရတာတန်တယ်။ သူတို့ရဲ့ အိုင်ဒီယာ ကွန်းဆက်ကအရမ်းသစ်တယ်လေ။ ကစ်သူတို့နဲ့ရိုက်တိုင်း နိုင်ငံခြားမှာပဲ ရိုက်တယ်။ Update လည်းဖြစ်တယ်။ တစ်ခါတလေကျရင် အရမ်း အသစ်လွန်နေတယ်။ အဲဒါကိုကြိုက်တယ်။

Voice : ကစ်ရဲ့ Fan တွေနဲ့ တွေ့မယ်ဆိုပြီး ရက်ပြောင်းသွားတဲ့အကြောင်းပြောပေးပါဦး။
WMSY : အဓိကတော့ အချိန်လေးပိုယူချင်တာရယ်။ နောက်ပြီးတော့ ပွဲစီစဉ်တဲ့သူတွေ အချိန်ပိုရအောင်လုပ်ချင်တယ်။ နေရာကလည်း အဆင်ပြေအောင် လုပ်လိုက်ရတယ်။ အားလုံးလည်းလာမယ့် နိုဝင်ဘာလ ၂၁ ရက် အားမယ်လို့ထင်ပါတယ်။

ခင်ညိုညိုသိမ့်