News

POST TYPE

INTERVIEW

ဒဂုံဧရာ အဝေးပြေးဝင်းတွင် ဆေးခန်းဖွင့်
23-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၂၃

လှိုင်သာယာမြို့နယ်၊ ကျုံပျော်လမ်းရှိ ဒဂုံဧရာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းအတွင်း ဆေးခန်းကို ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)က ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ဒဂုံဧရာ အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွားပြည်သူ တစ်သောင်းခန့် နေ့စဉ် ဝင်ထွက်သွားလာနေသည့် ယာဉ်ရပ်နားစခန်းဖြစ်သည်။
 
ထို့ပြင် လှိုင်သာယာမြို့နယ်သည် လူဦးရေ ထူထပ်၍ ယခုကဲ့သို့ဖွင့်လှစ်ခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများအပြင် အဝေးပြေးလမ်းမ၌ ယာဉ်မတော်တဆ ဖြစ်ပေါ်ခြင်းများအတွက် အရေးပေါ်ကုသမှုများ ပေးနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဆေးခန်းတွင် အရေးပေါ်နှင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ယာဉ်မောင်းများ ရုတ်တရက် ရောဂါပြင်းထန်စွာခံစားရပြီး ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်သည့် သွေးတိုး၊ ဆီးချိုရောဂါများ၊ အမြင်နှင့် အကြားအာရုံချို့တဲ့မှု ရောဂါများကို အခမဲ့ စစ်ဆေးပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထို့အတူ နေ့စဉ်ခရီးသည်တင် ဘတ်စ်ကားများစွာ ဝင်ထွက်သွားလာနေသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ အလားတူ ဆေးခန်းကို ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

J-12