News

POST TYPE

INTERVIEW

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်နှင့် တွေ့ဆုံခြင်း
24-Aug-2016

Voice : လက်ရှိ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်က စစ်ကိုင်း ပြတ်ရွေ့ကြောကနေ အဓိက လှုပ်ခတ်တာပါလား။ ဘယ်လို အခြေအနေမျိုးကြောင့်လဲဆိုတာ သိလိုပါတယ်ဆရာ။

Dr MT : အခု လှုပ်သွားတဲ့ ငလျင်က စစ်ကိုင်းပြတ်ရွေ့က လှုပ်တယ်လို့တော့ ပြောလို့ မရဘူး။ မြန်မာနိုင်ငံ အနောက် မြောက်ဘက်ခြမ်းကနေ လှုပ်သွားတာ။ USGS က ပြောတာက ချောက်ရဲ့ အနောက်ဘက် ၂၅ ကီလိုမီတာ အကွာက လှုပ်တယ်။ Focal Depth ကတော့ အောက်က ၈၅ ကီလိုမီတာ အနက်ကနေ လှုပ်သွားတာ။ ပြင်းအား ၆ ဒသမ ၈ အဆင့် ရှိတယ်ဆိုတော့ အင်အား ပြင်းတာပေါ့။ စစ်ကိုင်းပြတ်ရွေ့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စစ်ကိုင်းတို့၊ နေပြည်တော်တို့ကို ဖြတ်သွားတာ ဆိုတော့ အခုဟာက ချောက်မြို့ရဲ့ အနောက်ဘက်ဆိုတော့ နီးခြင်းနီးတာက ကဘော် ပြတ်ရွေ့နဲ့ သွားနီးတယ်။

Voice : ကဘော်ပြတ်ရွေ့ကရော စစ်ကိုင်း ပြတ်ရွေ့လို အင်အားပြင်း မြေငလျင်ကြီး အန္တရာယ်ကြီး လှုပ်ခတ်ဖို့ အန္တရာယ် ရှိပါသလား။ ဘယ်လောက် စိုးရိမ်ရပါသလဲ။

Dr MT : ကဘော်ပြတ်ရွေ့ကလည်း လှုပ်မယ်ဆို လှုပ်နိုင်တာပေါ့။ အခုဟာက ၆ ဒသမ ၈ အဆင့်နဲ့ ၈၅ ကီလိုမီတာ အနက်ကနေ လှုပ်တယ်လို့ Information သိသေးတာဆိုတော့ လှုပ်တဲ့ဖြစ်စဉ်ကို မသိသေးဘူး။ ဒီကောင် ကဘော်ပြတ်ရွေ့က လှုပ်တာ ဟုတ်သလား အနက်ပေကီလိုမီတာ ကြည့်လိုက်တော့လည်း ၈၅ ကီလိုမီတာဆိုတာ သူက တော်တော် နက်တယ်။ အဲလိုမျိုးဆိုတော့ အနောက်ဘက်ခြမ်းက ရှိနေတဲ့ အင်ဒီရား မြေထုချပ်က မြန်မာ မြေထုချပ်အောက်ကို စိုက်ဝင်နေတဲ့ ဖြစ်စဉ်ကြောင့် လှုပ်တာလည်း ဖြစ်နိုင်တယ်ဆိုတော့ ဒီနှစ်ခုထဲက တစ်ခုခုကြောင့်တော့ ဖြစ်လိမ့်မယ် ထင်တယ်။

Voice : ၂ဝ၁၂ တုန်းက လှုပ်ခတ်ခဲ့တဲ့ ရွှေဘိုငလျင်တို့၊ သပိတ်ကျင်း မြေငလျင်တို့မှာလည်း နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်ခတ်ခဲ့တယ် ဆိုတော့လေ အခုလို အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက်မှာ နောက်ဆက်တွဲ ငလျင်တွေ လှုပ်လာနိုင်ပါသေးလား။

Dr MT : နောက်ဆက်တွဲ ငလျင်ကတော့ လာမှာပဲ။ ငလျင်တိုင်း ငလျင်တိုင်းကတော့ နောက်ဆက်တွဲ လှုပ်ဖို့က ၁ဝဝ ရာခိုင်နှုန်း သေချာတယ်။ လှုပ်တာ မလှုပ်တာ ကွာတာ After Shock ကတော့ သေချာပေါက် လာတာ များတယ်။ အခုဟာက ၆ ဒသမ ၈ ဆိုတော့ အင်အား ပြင်းတယ် ပြောလို့ ရတာပေါ့။ ဘုရားတွေရဲ့ သက်တမ်းကလည်း ကြာမြင့်နေပြီ အိုဟောင်းနေပြီ ဆိုတော့ ပြိုကျသွားတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ပြင်ဆင် ထားသင့်တာတော့ နောက် ထပ် ထပ်လှုပ်နိုင်ခြေ ရှိတဲ့အတွက် ကိုယ့်အိမ်မှာ အဝင် အထွက်တွေ ဂရုစိုက်သင့်တယ်။ တိုးလို့ တွဲလောင်း ဖြစ်နေတဲ့ အရာတွေကို ကြိုချထားသင့်တယ်။

Voice : ဘယ်ဒေသတွေက အင်အားပြင်း မြေငလျင် အန္တရာယ်က ဘယ်လောက် အန္တရာယ် ကြီးမား နေပါသလဲ။ ဘာတွေကို ကြိုတင် ပြင်ဆင် ထားသင့်ပါသလဲ။

Dr MT : မြေငလျင်ကတော့ ကြိုတင်ခ န့်မှန်းလို့ မရဘူး။ ဒါပေမဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ ပြောရမယ်ဆိုရင် စစ်ကိုင်း ပြတ်ရွေ့က လှုပ်ခဲ့တယ်ဆိုရင် စစ်ကိုင်းပြတ်ရွေ့အနီး တစ်ဝိုက်မှာရှိတဲ့ မြို့တွေက အန္တရာယ် အလွန် များတာပေါ့။ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး စသည်ဖြင့် ဒီမြို့ကြီးတွေက အရမ်း အန္တရာယ် များတာပေါ့။ သို့သော်လည်း ဒီအနောက်ဘက်ခြမ်းက လှုပ်တဲ့ငလျင်တွေ ကျတော့လည်းပဲ လူနေထူထပ်တဲ့ နေရာတို့၊ အဆောက်အအုံများတာတို့နဲ့ ဝေးနေတဲ့ နေရာဆိုတော့ သိပ်ပြီးတော့ ထိခိုက် ပျက်စီး ဆုံးရှုံးမှု နည်းတာပေါ့။ လှုပ်တဲ့ ဗဟိုချက်နဲ့ ဘယ်နေရာက လှုပ်နိုင်သလဲဆိုတာပေါ် မူတည်တာပေါ့။ အခုလှုပ်တဲ့ ငလျင်က အနောက်ဘက် ခြမ်းလှုပ်တဲ့ ငလျင်နဲ့လည်း သက်ဆိုင်နေတယ်။ အိန္ဒိယ မြေထုချပ်က မြန်မာမြေထုချပ် အောက်ကို တိုးဝင်နေတဲ့ ဖြစ်စဉ်ဆိုတာက မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း တစ်ခုလုံး ပါသွားတယ်ဆိုတော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့၊ ရခိုင်တို့၊ ကချင်ြ ပည်နယ် အနောက်မြောက်ပိုင်းတွေက တစ်ကြောတည်းပဲ။ ဒါတွေကတော့ ရှိတာပေါ့။

Voice : မြန်မာနိုင်ငံမှာ မြေငလျင် အန္တရာယ် ကြုံ တွေ့နိုင်ရမှုနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်ပါသလဲရှင့်။

Dr MT : မြေငလျင်နဲ့ ပတ်သက်ပြီး နည်းနည်း သတိထားစရာ ကောင်းတာက နည်းနည်းလေး အနောက်ဘက်ခြမ်းက မြေငလျင်လှုပ်တာ စိပ်လာတယ်။ ၂ဝ၁၆ နှစ်ဆန်းပိုင်းက ၆ ဒသမ ၉ နဲ့ လှုပ်တယ်။ ပြီးခဲ့တဲ့ အပတ်တွေကလည်း ပခုက္ကူဝန်းကျင်မှာ ၅ ဒသမ ၃ လောက်နဲ့ လှုပ်တယ်။ အခုလည်း ၆ ဒသမ ၈ နဲ့ လှုပ်တယ် ဆိုတော့ ဒါတွေသည် သူ့ဖြစ်စဉ်နဲ့သူ တစ်ခါတည်း ပြီးပြတ်သွားတယ်ဆို သိပ်ပြဿနာ မရှိလောက်ဘူး။ ဒါတွေသည် အကြို ငလျင်အနေနဲ့ လှုပ်တာဆိုရင် သတိထားရမယ်။

ပြည့်ဖြိုးလင်း



  • VIA