News

13-Dec-2017 tagged as ရန်ကုန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်ကာ ဝန်ထမ်းအိမ်ရာများကို တိုးမြှင့် တည်ဆောက်မည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးဆက်သွေးက ပြောကြားသည်။
13-Dec-2017 tagged as ဆေး
အေအာရ်တီ (ART) ဆေး ကုသလုပ်ငန်းအတွက် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရက အမေရိကန် ဒေါ်လာ ၁၄ သန်းကို ရန်ပုံငွေခွဲဝေ ချထားပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
09-Dec-2017 tagged as ကျန်းမာရေး
အမေရိကန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသည့် C.U.R.E Association က အမေရိကန်ဒေါ်လာ လေးသိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းဆေးရုံသို့ လှူဒါန်းမည်ဖြစ်ကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Rotary Club of Central Yangon မှ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောကြားသည်။
မိခင်မှကလေးသို့ အိတ်ခ်ျအိုင်ဗီပိုးကူးစက်မှု ကာကွယ်ရေးအတွက် ၂၀၁၆ ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင် ရှစ်သိန်းခြောက် သောင်းခန့်အထိ အိတ်ခ်ျအိုင်ဗီပိုးစစ်ဆေး ပေးနိုင်ခဲ့ပြီး ယင်းစစ်ဆေးမှုမှ ပိုးတွေ့ကိုယ်ဝန်ဆောင် လေးထောင်ကျော်ကို ဆေးကုသမှုများ ပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျ ကာလသားရောဂါတိုက် ဖျက်ရေး စီမံချက်၏ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောကြားသည်။
05-Dec-2017 tagged as မန္တလေး
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်ခြေထောက်ကာကွယ်ဆေးကို ဆယ်ကြိမ်မြောက်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။
29-Nov-2017 tagged as
အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန (FDA) မှ ရန်ကုန်တက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စားသောက်ဆိုင် တစ်ဆိုင်တွင် ရောင်း ချလျက်ရှိသည့် မုန့်ဟင်းခါးဖတ်တွင် ဖော်မလင် ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး FDA ရုံး၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မင်းဝန်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းနှင့်ပုသိမ်မှ ကလေးနှစ်ဦး သေဆုံးမှုမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် မဟုတ်ကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက The Voice သို့ ပြောကြားသည်။
22-Nov-2017 tagged as ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးသည့် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ နိုဝင်ဘာလ ၂၁ ရက် ညနေ ၆ နာရီကျော်က ပုသိမ်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ၎င်း၏ မိဘများထံမှ သိရသည်။
22-Nov-2017 tagged as
အသက်အရွယ်ကြီးသည့် လူကြီးများတွင်သာမက လူငယ်များ၌ပင် နေထိုင်မှုပုံစံ မမှန်ခြင်းများကြောင့် အရိုးအကြောနှင့် အဆစ်အမြစ်များတွင် ဒဏ်ဖြစ်ပြီး နာကျင်ခြင်း ဝေဒနာများကို ဖြစ်စေပါသည်။
မြန်မာနိုင်ငံအနေနှင့် အနာကြီး ရောဂါကင်းစင်မှု သတ်မှတ်ချက်ပြည့်မီ နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံထားရသော်လည်း မန္တလေးတိုင်းအတွင်း နှစ်စဉ် ပိုးရှိ လူနာအသစ် ၅၀ဝ ဝန်းကျင် တွေ့ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနခွဲ (မန္တလေးဇုန်) မှ စောင့်ရှောက်ရေးမှူး ဦးဂျူးစိုးက ပြောကြားသည်။
21-Nov-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်ကြား ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ ကလေး ၂၇၀ဝ၀ ကျော် ထိုးနှံပြီးစီးကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိအိမင်းနောင်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့သော အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး ဆေးထိုးပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။