News

POST TYPE

HEALTH

မြောင်းမြတွင် ကျောင်းသား ၇၀ ကျော်အစာအဆိပ်သင့်
27-Nov-2018


ပုသိမ်၊ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဦးနုချောင်းကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မွေးနေ့ပွဲတွင် ကျွေးမွေးဧည့်ခံသော ထမင်းနှင့်ဟင်းများ စားသုံးပြီးနောက် ကျောင်းသားကျောင်းသူ ၇၀ ကျော်ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း မြောင်းမြဒေသခံများထံမှ သိရသည်။

“ကျနော်တို့ရောက်သွားတော့ ညနေ ၄ နာရီကျော်ပါပြီ၊ အားလုံး ကောင်းနေပါတယ်၊ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိပါဘူး”ဟု အကူအညီပေးရန် သွားရောက်ခဲ့သော မြောင်းမြမြို့ ကရုဏာရှင်လူငယ်အဖွဲ့မှ ကိုဝေလင်းအောင်က ပြောပြသည်။

အဆိုပါ ရွာတွင်နေထိုင်သော မန်းခင်ဦး၏ သမီး (၁) နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ရာတွင် ထမင်း၊ ဝက်သားဟင်း၊ ကြက်သားဟင်း၊ ၁၂ မျိုးဟင်းချိုနှင့် ဟင်းရွက်စုံသုပ်တို့ ဧည့်ခံကျွေးမွေးခဲ့ကြောင်း၊ စားသောက်ပြီးသည့် ကျောင်းသားကျောင်းသူများ မူးဝေအော့အန်သဖြင့် ပြင်ရွာတိုက်နယ်ဆေးရုံသို့ တင်ပို့ထားရသည်။

အစာအဆိပ်သင့်မှုဖြစ်ပွားသော ကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြောင်းမြဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသွားရောက် ကူညီဆောင်ရွက်ပေးနေကြောင်း မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

R-11