News

POST TYPE

HEALTH

မြန်မာ့ကျန်းမာရေးကဏ္ဍအတွက် ဗြိတိန်၊ အမေရိက၊ ဆွီဒင်၊ ဆွစ်ဇာလန်က ကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့မည်
22-Nov-2018

ရန်ကုန်၊​ နိုဝင်ဘာလ ၂၂

ဗြိတိန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရတို့သည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော လူအုပ်စုများ၏ ကျန်းမာရေး ပိုမိုတိုးတက်စေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) မှတစ်ဆင့် လာမည့် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၁၅ သန်းကျော် ထောက်ပံ့မည်ဖြစ်သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အလှူရှင်လေးနိုင်ငံမှ ကိုယ်စားလှယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေမှ တာဝန်ရှိသူများက ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဝေးလံခက်ခဲသော နေရာများ၊ ပဋိပက္ခဒေသများတွင် နေထိုင်သူများနှင့် ဝန်ဆောင်မှုပေးသော နေရာများသို့ ရောက်ရှိရန် ကြီးမားသော အတားအဆီးများ ကြုံတွေ့ရသူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေမှ အစိုးရနှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများသို့ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ယင်းသဘောတူ လက်မှတ်ရေးထိုးပွဲအရ သိရသည်။ 

E-03