News

POST TYPE

HEALTH

ဆယ်တန်းအပြင်ဖြေများအတွက် အခမဲ့ညကျောင်း ဖွင့်ပေးမည်
10-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၉

လုပ်ငန်းခွင်အတွင်း ရောက်ရှိနေ၍ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ဆယ်တန်းအပြင်ဖြေမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ညကျောင်းဖွင့်ကာ သင်ကြားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဆရာများအသင်းထံမှ သိရှိရသည်။

ယင်းအသင်းဥက္ကဋ္ဌ ဦးဂုဏ်ထူးအောင်က “မနက် အလုပ်သွားတယ်။ ဆယ်တန်းမဖြေဖြစ်ဘူး။ မိဘတွေလည်း အဆင်မပြေတော့ သူကိုယ်တိုင် အလုပ်လုပ်နေရတဲ့ ကလေးတွေကို ဦးစားပေးတာပေါ့။ ဒါမှမဟုတ် စာမေးပွဲဖြေနေရင်းပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကျသွားတယ်။ အဲဒီလူတွေက ကျူရှင်တွေတက်ဖို့ အခက်အခဲရှိတယ်ဆိုရင် လာတက်လို့ ရအောင်ပေါ့”ဟု ပြောကြားသည်။

အခမဲ့ညကျောင်းကို ဒဂုံဆိပ်ကမ်းမြို့နယ် အောင်မြေဘကကျောင်း၌ အောက်တိုဘာ ၁၁ ရက်မှ မတ်လအထိ နေ့စဉ် ည ၇ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်ပေးမည်ဖြစ်သည်။ စာအုပ်စာတမ်းများကိုပါ ထောက်ပံ့ပေးမည်ဖြစ်သည်။ ညကျောင်း တက်လိုသူများအနေနှင့် အဆိုပါဆရာများအသင်း ဖုန်းနံပါတ် ဝ၉၂၅၄၁၈၀၇၉၉ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

J-19