News

POST TYPE

HEALTH

မူးယစ်ဆေးဝါးမူဝါဒ ပေါ်ပေါက်ရေး ကမ်ပိန်းပြုလုပ်
27-Jun-2018 tagged as မူးယစ်ဆေးဝါး

ရန်ကုန်၊ ဇွန် ၂၆

မူးယစ်ဆေးဝါးရေးရာ မူဝါဒပြောင်းလဲရေး ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာနှင့် မိတ်ဖက်လူမှုအဖွဲ့အစည်းများက ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးကို ဦးစားပေးသည့် မူးယစ်ဆေးဝါးမူဝါဒ ပေါ်ပေါက်ရေးအပြင် အခြားသောကိစ္စရပ်များအတွက် ကမ်ပိန်းကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းအဖွဲ့မှ ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ နန်းပန်းအိခမ်းက ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ရည်ရွယ်၍ “ကူညီပါ၊ အပြစ်မပေးပါနဲ့” ဟူသော လူထုအသိပညာပေး လှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

“မူးယစ်ဆေးသုံးစွဲတဲ့သူတွေ၊ ဆေးစွဲပြဿနာရှိတဲ့ လူငယ်တွေက နိုင်ငံအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ဒီလိုလူတွေကို လျစ်လျုရှုထားတာ၊ ခွဲခြားဆက်ဆံတာ၊ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးတာတွေက သူတို့ဘဝကို ထိခိုက်စေပါတယ်”ဟု မူးယစ်ဆေးဝါးရေးရာ မူဝါဒပြောင်းလဲရေး ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာမှ ဒေါက်တာ နန်းပန်းအိခမ်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါလှုပ်ရှားမှုသည် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်ပြီး နိုင်ငံအသီးသီးတွင် နေထိုင်ကြသည့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများအတွက် ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးကို အခြေခံသည့် မူးယစ်ဆေးဝါးမူဝါဒသစ်များ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ကြောင်း မူးယစ်ဆေးဝါးရေးရာ မူဝါဒပြောင်းလဲရေး ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာထံမှ သိရသည်။

J-12