12-Mar-2019
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သက်ကြီးဘိုးဘွား အရေအတွက် များပြားသောကြောင့် သက်ကြီးကျန်းမာ ရေးစောင့်ရှောက်မှုသင်တန်းများ ဖွင့်လှစ်ရန်လိုအပ်ကြောင်း
05-Mar-2019
အားဖြည့်ဆန်များကို စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုပြဿနာ ကာကွယ်ခြင်းတွင် များစွာ အထောက်အကူပြုနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
19-Feb-2019
ကင်ဆာဝေဒနာခံစားနေရသည့် ကလေးများ ရောဂါမသက်သာ၍ အသက်ဆုံးရှုံးရမည့် အခြေအနေမျိုး၌ နာကျင်မှုဝေဒနာကို တတ်နိုင်သမျှ လျော့ပါးစေရေး ရည်ရွယ်ချက်ဖြင့် နာကျင်မှု သက်သာစေရေးစင်တာ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ရန်ကုန်ကလေးအထူးကုဆေးရုံကြီး၊ ပါမောက္ခ ဒေါက်တာအေးအေးခိုင်က ပြောကြားသည်။
13-Feb-2019
ကျပ်ငါးထောင်ဖြင့် ရောင်းချသည့် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ အမျိုးအစားကို ရောင်းချရာတွင် အာမခံဝယ်ယူသူများက ယခင်ကထက် စိတ်ဝင်စားမှုရှိလာကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများထံမှ သိရသည်။
12-Feb-2019
မြန်မာနိုင်ငံရှိ လူထုအတွင်း အစားများသည့် အစားအသောက်များ၏ အာဟာရတန်ဖိုးများပါဝင်သည့်စာအုပ် ထုတ်ဝေရန်စီစဉ်လျက်ရှိကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) အာဟာရသုတေသနဌာနခွဲမှ ဒေါက်တာမို့မို့လှိုင်က ပြောကြားသည်။
10-Feb-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် သုတေသနရန်ပုံငွေ ကျပ်သန်းသုံးထောင် သုံးစွဲမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
09-Feb-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများ၏အာဟာရအချက်အလက်များကို သိရှိရန်အတွက် အာဟာရအခြေအနေ ပြည့်စုံစွာပါဝင်သည့် ပထမဆုံးစစ်တမ်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။
16-Jan-2019
အသက်အန္တရာယ်ဖြစ်စေနိုင်သည့် စပ်ဆေးများကို ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်နှင့် ဆေးဆိုင်ပိုင်ရှင်များအနေနှင့်လည်း စပ်ဆေးရောင်းချခြင်းကို ချက်ချင်းရပ်ဆိုင်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
15-Jan-2019
ရန်ုကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနသို့ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း လာရောက်ကုသမှု ခံယူသူ ၇၄၀၀ ကျော်ရှိကြောင်း ယင်းဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်ချိုဝင်းက ပြောကြားသည်။
10-Jan-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်းအောင်မြင်သူများနှင့် သစ်လွင်သူနာပြု (သူနာပြုသိပ္ပံဘွဲ့) ဖြင့် အောင်မြင်သူ ၂၀၂၈ ဦးအား ယခုနှစ် ဇန်နဝါရီလအတွင်း အလုပ်ခန့်အပ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
09-Jan-2019
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆယ်ကျော်သက်အရွယ် မိန်းကလေး ငါးသောင်းကျော်သည် ကလေးမီးဖွားလျက်ရှိပြီး ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အာဟာရချို့တဲ့မှုကြောင့် ကိုယ်အလေးချိန် မပြည့်သည့်ကလေး ပို၍မွေးဖွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသားအာဟာရနှင့် သုတေသနဌာနခွဲမှ ခေတ္တညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။
12-Dec-2018
ကမ္ဘာ့ရန်ပုံငွေအဖွဲ့က တီဘီရောဂါဖြစ်ပွားမှုကို မပျက်မကွက်သတင်းပေးပို့ခြင်းလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
06-Dec-2018
မကွေးတိုင်းတွင် ၈ နှစ်တာကာလအတွင်း HIV ပိုးရှိသည့်လူနာများအတွက် ART (ခုခံအားကျဆင်းမှု ရောဂါပိုးထိန်းဆေး)ဆေးကို ၅ ဆကျော်အထိ တိုးမြှင့်ပေးသဖြင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာကြောင်း ယင်းတိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
28-Nov-2018
၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၃ ခုနှစ်ကာလအထိ ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကျပ် ၉၂၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၃ သန်းကျော်)အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးအမျိုးသားအဆင့် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။
28-Nov-2018
၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လေးနှစ်စီမံချက်ဖြင့် မွန်၊ ကရင်၊ ကယား၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ် ၇၃ မြို့နယ်တွင် အတက်ရောဂါကို လိုက်လံကုသပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။