News

POST SECTION

FOREIGN-AFFAIRS

30-May-2018
ရုရှားဂျာနယ်လစ် အာကဒီဘက်ဘ် ချန်ကိုသည် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ သူ့နေအိမ်အနီးတွင် ပစ်သတ်ခံခဲ့ရကြောင်း ယူကရိန်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြထားသည်။
30-May-2018
ဩစတြီးယား လက်ယာယိမ်းညွှန့်ပေါင်းအစိုးရသည် ဂျာမန်စကား မပြောသောဒုက္ခသည်များနှင့် နိုင်ငံခြားသားများအတွက် လူမှုဖူလုံရေးထောက်ပံ့ကြေးများ ဖြတ်တောက်မည့် အစီအစဉ်များကို ချပြလိုက်ရာဥရောပသမဂ္ဂထံမှ ဥပဒေပိုင်း စိန်ခေါ်မှုများထွက်ပေါ်လာနိုင်ခြေရှိသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
30-May-2018
ပြင်သစ်အာဏာပိုင်များသည် ဆေးရွက်ကြီးသုံးစွဲမှုကို ရည်မှန်းချက်ကြီးသော မဟာဗျူဟာဖြင့် တိုက်ဖျက်ရာတွင် သုံးစွဲမှု ဆက်လက်လျှော့ချသွားနိုင်ရန်မျှော်လင့်နေကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
30-May-2018
အီတလီဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ ဂူဆစ်ပီကွန်တီက အဆိုပြုထားသော ဘဏ္ဍာရေးဝန်ကြီးကို အီတလီသမ္မတက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ခြင်းကြောင့် အစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုကိုလက်လျှော့ လိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
30-May-2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်မေလအတွင်း စတင်ခဲ့သော မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးတွင် လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
30-May-2018
မကြာသေးခင်ရက်ပိုင်းက ပဲရစ်မြို့ရှိ အထပ်မြင့်တိုက်တစ်လုံးတွင် တွဲလောင်းအနေအထားဖြင့် ပြုတ်ကျမလိုဖြစ်နေသည့် ကလေးငယ်တစ်ဦးကို အသက်အန္တရာယ် ဂရုမစိုက်ဘဲ ကယ်တင်ခဲ့သောကြောင့် စပိုက်ဒါမန်းဟု တင်စားခေါ်ဆိုခံနေရသူ မာလီလူမျိုးရွှေ့ပြောင်းအခြေချသူ မစ္စတာ မန်မူဒူဂတ်ဆာမာသည် ပြင်သစ်နိုင်ငံသားအဖြစ် ခံယူတော့မည်ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ ၎င်းကို ကလေးငယ်၏ မိဘများ၊ ပြင်သစ်သမ္မတနှင့် ပြင်သစ်ပြည်သူများက သက်စွန့်ဆံဖျား လုပ်ရပ်ကြောင့် အထူးကျေးဇူးတင်လျက်ရှိသည်ဟုလည်း သတင်းကဆိုသည်။
29-May-2018
မြောက်ကိုရီးယား နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးဟူသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးတကြီးကိစ္စတစ်ခုဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
29-May-2018
ဥရောပ၏ လူမှုရှေးရိုးစွဲ အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ခြင်းကို အဆုံးသတ်ရန်အတွက် ဆန္ဒခံယူပွဲတွင် သောင်ပြိုကမ်းပြို မဲပေး၍ ဆုံးဖြတ်လိုက်ကြပြီးနောက် အိုင်ယာလန်ဝန်ကြီးချုပ်က အောင်မြင်သော အသံတိတ်အသွင်ပြောင်း တော်လှန်ရေးအဖြစ် ဂုဏ်ပြုပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
29-May-2018
ယခုအခါ ဇွန်လ ၁၂ ရက် စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ (ထရမ့်-ကင်ဂျုံအန်း ဆွေးနွေးပွဲ)ဖြစ်မြောက်ရေးအတွက် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယား နိုင်ငံသို့ရောက်ရှိနေပြီး ပြုံယမ်းကွန်မြူနစ်အစိုးရ၏ အရာရှိကြီးများနှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ မြောက်ကိုရီးယားနိုင်ငံကလည်း သံတမန်နည်းလမ်းအရ ဆွေးနွေးပွဲများပြန်လည်ပြုလုပ်လိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
29-May-2018
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု အငြင်းပွားဖွယ် ထုတ်ဆိုထားသော ကျွန်းများအနီးသို့ အမေရိကန်ရေတပ်သင်္ဘောနှစ်စင်း ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန်အစိုးရ အရာရှိကြီးများက ထုတ်ဖော်ပြောကြားသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ လုံးလုံးလျားလျား စိတ်မကျေမနပ်ဖြစ်ရသည်ဟု ဘေဂျင်းအစိုးရက ပြစ်တင်ရှုတ်ချလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
28-May-2018
ဂျာမနီနိုင်ငံ၏ မြို့တော်ဘာလင်တွင် ယမန်နေ့က လက်ယာစွန်းရောက် AfD ပါတီကို ထောက်ခံသူ ၅၀၀၀ ခန့်က ချီတက်လမ်းလျှောက်ကြရာ ယင်း AfD ကို ဆန့်ကျင်သည့် အင်အားစုများက တန်ပြန်ချီတက် ဆန္ဒထုတ်ဖော်
28-May-2018
ပြင်သစ်နိုင်ငံတွင် သမ္မတအီမန်နျူ ယယ်မက်ခရွန်၏ အများပြည်သူနှင့်ဆိုင်သော အခန်းကဏ္ဍများ ပြုပြင်ပြောင်းလဲမှုကို မကျေနပ်သည့် ချီတက်ဆန္ဒပြမှုကြီးကို ပြင်သစ်၏ ပင်မလက်ဝဲစွန်းပါတီနှင့် အခြားအဖွဲ့အစည်း ၈၀ ခန့်ပူးပေါင်းပြုလုပ်ခဲ့ရာ လူထောင်နှင့်ချီ၍ ပါဝင်ခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
28-May-2018
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် စင်ကာပူနိုင်ငံတွင် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် နှစ်နိုင်ငံနယ်စပ်ဒေသတွင် အမှတ်မထင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
28-May-2018
ဂျာမနီတွင် လူနေအိမ်ခန်း ၁ ဒသမ ၅ သန်းခန့် အပိုဆောက်လုပ်ရမည်ဟု အဓိပတိမာကယ်လ်က ပြောကြားလိုက်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။
28-May-2018
အမေရိကန်အကျဉ်းသား ဂျိုရှဝါဟို့လ်နှင့် ၎င်း၏ဇနီး ဗင်နီဇွဲလားသူ သာမီတို့ကို ဗင်နီဇွဲလားနိုင်ငံက စနေနေ့တွင် လွှတ်ပေးလိုက်သော်လည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ဆက်ရှိနေမည်ဟု အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။