News

POST SECTION

FOREIGN-AFFAIRS

တရုတ်သွင်းကုန်များအပေါ် နောက်ထပ် အကောက်ခွန်စည်းကြပ်မှုများ ဆက်လက်လုပ်ဆောင်သွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
16-Sep-2018 tagged as
ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုသည် တတိယမြောက်နှစ်အဖြစ် မြင့်တက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း အာဖရိကနှင့် တောင်အမေရိကတွင် အမြင့်ဆုံးတက်လာခဲ့သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO အစီရင်ခံစာတွင် ပါရှိကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
16-Sep-2018 tagged as
ဝေလပြည်နယ် ကန်မာသန်ရှိုင်းယားဒေသ လော်ဂန်နီမြို့ရှိဘရော့ဒ်မိုးယာ တောတွင် ဆယ်ကျော်သက်လူငယ် ရူဘင်ဘရက်သ်ဝိတ် ၁၇ နှစ်သည် မိထွေးဖြစ်သူ ဖီရိုနာစကောဖီး ၅၄ နှစ်ကို မတ်လ ၆ ရက်က သတ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းအခြေချမှု၊ လက်ယာစွန်းဝါဒီများ၏ ရုန်းရင်းဆန်ခတ်မှုနှင့် ဘတ်ဂျက်ကိစ္စများအကြောင်း ဂျာမနီအောက် လွှတ်တော် (ဘန်ဒက်စ်တက်ဂ်) တွင် လွှတ်တော်အမတ်များ အခြေတင်ငြင်းခုံခဲ့ကြကြောင်း DW သတင်းဌာနက ဖော်ပြသည်။
အသက်ကိုးနှစ်အရွယ် ဩစတြေးလျ ကျောင်းသူဟတ်ပါနီလ်ဆင်က ဩစတြေးလျ နိုင်ငံတော်သီချင်းသည် လူမျိုးရေးခွဲခြားမှုရှိသည်ဟုဆိုကာ ဆန္ဒပြသည့်အနေနှင့် မတ်တတ်ရပ်ရန် ငြင်းဆန်ခဲ့မှုကြောင့် အငြင်းပွားစရာကိစ္စ ဖြစ်လာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
13-Sep-2018 tagged as အမေရိကန်
နိုင်းအလဲဗင်းန် ၉/၁၁ ဖြစ်ရပ် နှစ်ပတ်လည်နေ့တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကလေယာဉ်အပိုင်စီးသူများကို ပြန်လည်တိုက်ခိုက်ခဲ့သည့် သူရဲကောင်းများကို သမ္မတထရမ့်က အလေးပြုလိုက်ပြီး အမေရိကလုံခြုံရေးအတွက် ဘယ်အရာကိုမဆို လုပ်ဆောင်မည်ဟုကတိပြုလိုက်ကြောင်း AFP သတင်းက ဖော်ပြသည်။
13-Sep-2018 tagged as ဗီယက်နမ် ခွေး
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြည်သူများအနေနှင့် ခွေးသားစားသည့် အလေ့အထကို ရပ်ဆိုင်းပေးရန် အစိုးရအရာရှိကြီးများက တိုက်တွန်းဆော်ဩလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများကြောင့် ယခုလ အစောပိုင်း ၉ ရက်အတွင်းလူ ၃၀,၀၀၀ ကျော် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး ရာစုနှစ်၏ အဆိုးရွားဆုံး လူသားချင်းစာနမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အနေနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ ရဲဝံ့ပြတ်သားသည့် ဆုံးဖြတ်ချက်ချမှတ်သင့်သည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အင်္ဂါနေ့က တိုက်တွန်းပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
13-Sep-2018 tagged as ရုရှား တရုတ်
ရုရှားနိုင်ငံတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားပြီးနောက်ပိုင်း အင်အားအကြီးမားဆုံးပုံစံဖြင့် ပြုလုပ်သော ဧရာမစစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ယမန်နေ့က စတင်ပြီး ဆိုက်ဘေးရီးယားဒေသ တစ်လျှောက်၌ တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းမြောက်မြားစွာဖြင့် ပြုလုပ်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုကြီးတွင် တရုတ်နိုင်ငံ၏ စစ်တပ်လည်းပူးပေါင်းပါဝင်ခဲ့ကြောင်း Time အွန်လိုင်းမဂ္ဂဇင်းက ရေးသားဖော်ပြသည်း။
အနောက်ကမ္ဘာနှင့် ဆက်ဆံရေးကျဆင်းလာချိန်တွင် အိမ်နီးချင်း ရုရှားနှင့် တရုတ်တို့သည် ကုန်သွယ်ရေးသဘောတူညီချက်များ၌ ၎င်းတို့ကိုယ်ပိုင်ငွေကြေးများသုံးစွဲရန် စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
12-Sep-2018 tagged as
တရုတ်အကြီးဆုံး အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း အလီဘာဘာ လုပ်ငန်းစုဦးပိုင်လီမိတက် ထူထောင်သူဂျက်မာသည် ပရဟိတနှင့် ပညာရေးနယ်ပယ်တွင် အာရုံစိုက်နိုင်ရန် ဥက္ကဋ္ဌရာထူးမှ တစ်နှစ်အတွင်း အနားယူမည်ဖြစ်ပြီးယုံကြည်ရသော လက်ရုန်းတစ်ဆူဖြစ်သည့် ဒန်နီယယ်ကျန်းကို တာဝန်လွှဲသွားမည်ဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ထံပေးပို့သောစာထဲတွင် စင်ကာပူတွင် ကျင်းပခဲ့သော သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲနောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံလိုကြောင်းဖော်ပြထားသည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့အနေနှင့် ပြီးခဲ့သည့်ဇွန်လက စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော နျူကလီးယားထိပ်သီးဆွေးနွေးပွဲ၌ ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ကြလိမ့်မည်ဟု မျှော်လင့်မိသည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းဥပဒေအရာရှိကြီးတစ်ဦးဖြစ်သူ လီဈာန်ရှူးက ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
12-Sep-2018 tagged as ဆန္ဒပြ ရုရှား
ရုရှားနိုင်ငံတွင် ပင်စင် (အငြိမ်းစား) ယူသည့် အသက်အရွယ်သတ်မှတ်ချက် တိုးမြှင့်ရန် အစိုးရကအစီအစဉ်ရေးဆွဲမှုကို မကျေနပ်၍ ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရာယခုအခါ ထိန်းသိမ်းခံရသူ ၈၀၀ ကျော်ခန့်ရှိသွားပြီ ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။