News

POST SECTION

FOREIGN-AFFAIRS

17-Dec-2017
ယခု ရက်သတ္တပတ် အစောပိုင်းတွင် ကျည်ဆန်ရထား တစ်စင်း၌ အက်ရာတစ်ခု တွေ့ရှိခဲ့ရခြင်းကြောင့် ကျည်ဆန်ရထား ၄၈၀ဝ စင်းလုံးကို စစ်ဆေးရန် ဂျပန် ပို့ဆောင်ရေးဝန်ကြီး ကီချီ အစ်ချီ အမိန့် ပေးသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
17-Dec-2017
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ရှီဖိုးလ်လေဆိပ်တွင် ဓားဖြင့် ဝှေ့ယမ်း တိုက်ခိုက်သူ အမျိုးသား တစ်ဦးကို ဒတ်ခ်ျ ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး လိုက်နိုင်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
15-Dec-2017
ဂါဇာကမ်းမြောင်ဘက်မှ ပါလက် စတိုင်း ရော့ကတ် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီးနောက် ဂါဇာ နယ်စပ်ဖြတ်ကျော်နေရာများ အားလုံးကို ပိတ်စ်လိုက်ပြီဖြစ်ကြောင်း အစ္စရေးဘက်က ကြေညာခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
15-Dec-2017
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ခင်ပွန်း (လင်အကြီး) ဖြစ်သူကို သတ်ဖြတ်ကာ တိတ်တိတ်ပုန်းချစ်သူ (လင်အငယ်) ကို ပလပ်စတစ်ဆာဂျရီုလုပ်၍ လူစားထိုးရန် ကြိုးစားမှုကြောင့် ထိုစုံတွဲကို ဖမ်းဆီးထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
15-Dec-2017
မြောက်ကိုရီးယား လက်နက်ထုတ်လုပ်ရေးညီလာခံအကြောင်း ရုပ်သံပြသမှုများတွင် ပြုံယမ်း၏ ပထမဆုံးအဏုမြူဗုံးကို ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီးက စစ်ဆေးနေသည့်ပုံကို ပြသခဲ့ပုံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
15-Dec-2017
အရှေ့ဂျေရုဆလင်ဒေသကို ပါလက်စတိုင်းမြို့တော်အဖြစ် ကမ္ဘာ့နိုင်ငံကြီးများက အသိအမှတ်ပြုပါရန် အစ္စလာမ်နိုင်ငံများ အဖွဲ့အစည်း OIC က တိုက်တွန်းလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
14-Dec-2017
မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံး ဒုံးပျံဖြစ်သည့် ဟွာဆောင်-၁၅ ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များနှင့် အရာရှိများကို ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ဂုဏ်ပြုပေးခဲ့ပြီး နျူကလီးယားလက်နက် ပိုထုတ်မည်ဟု ကတိပြုပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
14-Dec-2017
ဘာသာရေးအရ ရှေးရိုးစွဲများလည်းရှိသော အီဂျစ်နိုင်ငံတွင် အမျိုးသမီးတေးသံရှင် တစ်ဦးက တေးဂီတဗီဒီယိုတစ်ခုတွင် ငှက်ပျောသီးတစ်လုံးကို လိင်ပိုင်းဆိုင်ရာ ညှို့ငင်သော အမူအရာအပြည့်ဖြင့် စားပြနေခဲ့သည့်အတွက် အီဂျစ် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း BBCသတင်းတစ်ရပ်က ဖော်ပြထားသည်။
14-Dec-2017
အမေရိကန် အထက်လွှတ်တော် အလာဘားမားပြည်နယ် အထက်လွှတ်တော်အမတ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဒေါက်ဂျုံးစ်က ရီပတ်ဘလစ်ကန်ပါတီမှ ရွိုင်မိုးရ်ကို အနိုင်ရခဲ့ပြီး ၂၅ နှစ်အတွင်း အလာဘာမားအထက် လွှတ်တော်အမတ်နေရာ ပထမဆုံး အနိုင်ရသည့် ဒီမိုကရက်ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
14-Dec-2017
နယူးယောက် ဘတ်စကားဂိတ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗုံးခွဲမှုဖြင့် အကြမ်းဖက်မှု စွဲချက်တင်ခံထားရသူ အမျိုးသားသည် မတိုက်ခိုက်မီ သမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးစာ Facebook ပေါ်တွင် ရေးသားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
14-Dec-2017
အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်တွင် မနှစ်က သိက္ခာဆယ်သတ်ဖြတ်မှုဟုဆိုကာ ဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် လူခြောက်ဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
13-Dec-2017
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး များအပေါ် လူမျိုးဖြုတ်ရှင်းလင်းမှုများ ပြုလုပ်နေသည်၊ လူ့ကျင့်ဝတ်ချိုးဖောက်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည် ဟူသော စကားလုံး အသုံးအနှုန်းများကို ခိုင်မာသည့် သက်သေ အထောက်အထားနှင့် ဥပဒေကြောင်းအရ ဆုံးဖြတ်ချက် မရှိဘဲ မသုံးနှုန်းသင့်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီတွင် သတိပေး ပြောကြားလိုက်ကြောင်း ကုလသမဂ္ဂ၏ UNTV ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
13-Dec-2017
သမ္မတဒေါ်နယ်ထရမ့်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ခံခဲ့ရသည်ဟု စွပ်စွဲပြောကြားထားသော အမျိုးသမီးသုံးဦးက ကွန်ဂရက် စစ်ဆေးကြားနာမှုကို လိုလားပါကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။
13-Dec-2017
မြောက်ကိုရီးယားဘက်သို့ သွားရောက်ပူးပေါင်းခဲ့သည့် အမေရိကန် တပ်ကြပ်ကြီးဟောင်းသည် မြောက်ကိုရီးယားတွင် အနှစ် ၄၀ ခန့် နေထိုင်ခဲ့ရပြီး ပြန်လည်လွတ်မြောက်ပြီးမှ အသက် ၇၇ နှစ်အရွယ်အရောက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
13-Dec-2017
ရုရှား နိုင်ငံထုတ် S-400 အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ် ဝယ်ယူရေး လာမည့်ရက်သတ္တပတ်အတွင်း ရုရှားနှင့်တူရကီနိုင်ငံတို့ အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။