News

POST SECTION

FOREIGN-AFFAIRS

29-Dec-2017
ယခုအခါပိတ်လိုက်ပြီဖြစ်သည့် တောင်မြောက်ပူးတွဲစက်မှုဇုန်မှ ရရှိသည့်ငွေများကို မြောက်ကိုရီးယားက လက်နက်စီမံကိန်းတွင် သုံးစွဲခဲ့သည်ဟု ယခင် တောင်ကိုရီးယားအစိုးရ၏ စွပ်စွဲချက်အတွက် သက်သေမရှိကြောင်း ရိုးသားစွာ လက်ခံပါကြောင်း” လက်ရှိ တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
29-Dec-2017
ဆီးရီးယားမြို့တော် ဒမတ်စကတ် ဆင်ခြေဖုန်း သူပုန်ထိန်းချုပ်နယ်မြေတစ်ခုမှ လူနာများကို ကယ်ထုတ်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
28-Dec-2017
ဂျေရုစလင်မြို့ဟောင်းတွင် မြေအောက် ရထားလမ်း ဖောက်လုပ်ရန်နှင့် အနောက်ဘက် တံတိုင်းအနီးမှ ဘူတာရုံကို ထရမ့်ဟု အမည်ပေးရန် အစ္စရေး ပို့ဆောင်ရေးဝန်ကြီးက ဆန္ဒရှိနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
28-Dec-2017
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် စီမံကိန်းနောက်ကွယ်မှ အထင်ရှားဆုံး တာဝန်ရှိသူနှစ်ဦးကို အရေးယူ ပိတ်ဆို့ကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာခဲ့ပြီး ရုရှားက ဝါရှင်တန်နှင့် ပြုံယမ်းအကြား ညှိနှိုင်းပေးရန် ကမ်းလှမ်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
28-Dec-2017
အစ္စရေး၊ လက်ဘနွန် နယ်စပ်များနှင့် ဆီးရီးယားနယ်စပ်တို့ ထိစပ်နေသော မဟာဗျူဟာမြောက် နယ်မြေတွင် ပိတ်မိနေသော ဆီးရီးယားသူပုန်များအနေနှင့် လက်နက်မချပါက စစ်ရေးအရ ချေမှုန်းခြင်းခံရမည်ဟု ဆီးရီးယားစစ်တပ်နှင့်အီရန် ကိုယ်စားပြုတပ်ဖွဲ့များက ရာဇသံပေးထားသည်ဟု သူပုန်များက အင်္ဂါနေ့တွင် ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
28-Dec-2017
ကုလသမဂ္ဂ၏ မိမိတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အသစ်များသည် စစ်ဆင်သည့် အပြုအမူဖြစ်ပြီး စီးပွားရေးအရ အလုံးစုံပိတ်ဆို့လိုက်ရာ ရောက်ကြောင်း မြောက်ကိုရီးယားက ဝေဖန်ခဲ့အပြီးတွင် တရုတ်နိုင်ငံက ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျှော့ချရေးအတွက် နိုင်ငံအားလုံးက အပြုသဘောဆောင်သော အားထုတ်မှုများ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
27-Dec-2017
ခရစ္စမတ်နေ့တွင် ဗြိတိန်နိုင်ငံအနီး မြောက်ပင်လယ်သို့ ရုရှားစစ်သင်္ဘော ချဉ်းကပ်လာသဖြင့် ဗြိတိန်ရေတပ် ဖရီးဂိတ်သင်္ဘောတစ်စင်းဖြင့် စောင့်ကြည့်ခဲ့ရကြောင်း BBC က ဖော်ပြထားသည်။
27-Dec-2017
မော်စကိုတွင် မြေအောက်ရထားလမ်းသို့ ဝင်ခါနီးနေရာတွင် ဘတ်စ်ကားတစ်စင်း လမ်းချော်တိမ်းမှောက်မှုကြောင့် လေးဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ရုရှားအာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
27-Dec-2017
ယခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှု အရေအတွက်မှာ မှတ်တမ်းများစတင်ကောက်ယူသည့် ၁၈၉၉ ခုနှစ်နောက်ပိုင်း နှစ် ၁၀ဝ ကျော်အတွင်း အနိမ့်ဆုံးရောက်ရှိခဲ့ပြီး လူဦးရေအချိုးမညီမှု ပြဿနာ ပိုမိုနက်ရှိုင်းလာခဲ့ကာ နောင်ဆယ်စုနှစ်များစွာ နိုင်ငံ့လူဦးရေ ဆက်လက်ကျဆင်းရန် သေချာသွားစေခဲ့ကြောင်း Financial Times သတင်းစာက ဖော်ပြသည်။
27-Dec-2017
ကတ်တလိုးနီးယားဒေသန္တရ လွှတ်တော်ရွေးကောက်ပွဲများတွင် ခွဲထွက်ရေး လိုလားသောပါတီများ အောင်ပွဲခံခဲ့ပြီးနောက် ခွဲထွက်ရေးလှုပ်ရှားမှုကို ပြန်မစရန် စပိန်ဝန်ကြီးချုပ်က သတိပေးလိုက်သည်ဟု Finantial Times သတင်းတွင် ဖော်ပြထားသည်။
27-Dec-2017
အစ္စရေး - ပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရန်အတွက် အစ္စရေး - ပါလက်စတိုင်းနှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပေါ်ပေါက်ရန် လိုအပ်ကြောင်း ပုပ်ရဟန်းမင်း၏ ယခုနှစ် ခရစ္စမတ်သတင်းစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
27-Dec-2017
ကဏ္ဍအသီးသီးအတွက် မြန်မာနိုင်ငံကို အကူအညီမြောက်မြားစွာပေးလျက်ရှိသော ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် လာမည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်ကို Kyodo သတင်းဌာနက ကိုးကားဖော်ပြသည်။
26-Dec-2017
တားမြစ်ထားသော ကတ်တလန်လွတ်လပ်ရေး ဆန္ဒခံယူပွဲ၏ ပြဿနာအကြွင်းအကျန်များ ရှိနေချိန်တွင် စပိန်ဘုရင်ဖီးလစ်က စည်းလုံးညီညွတ်ကြရန် ထပ်မံတိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-Dec-2017
ခရစ္စမတ်အကြိုနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကလေးများ၏ ဖုန်းခေါ်ဆိုမှုအချို့ကို လက်ခံဖြေဆိုခဲ့ပြီး ဆန်တာကလော့စ်ဘိုးဘိုးကြီးထံမှ သူတို့ဘာလိုချင်သလဲဟု မေးမြန်းခဲ့သလို သူကိုယ်တိုင်လိုချင်သည့် အရာကိုပါပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
26-Dec-2017
အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်ရှိ အာဖဂန်ထောက်လှမ်းရေးဌာန အနီးတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးသွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။