News

POST SECTION

FOREIGN-AFFAIRS

03-Jan-2018
လွန်ခဲ့သောနှစ်ပတ်က အစ္စရေးစစ်သားတစ်ဦး၏မျက်နှာကို လက်သီးနှင့်ထိုးမှုကြောင့် ၁၆ နှစ်အရွယ် ပါလက်စတိုင်း မိန်းကလေးတစ်ဦးကို အစ္စရေးအာဏာပိုင်များက တရားစွဲဆိုခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
03-Jan-2018
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး ရက်အတန်ကြာတွင် အီရန်နိုင်ငံသားများ လူမှုကွန်ရက်များ သုံးစွဲ၍မရစေရန် အာဏာပိုင်များက ပိတ်ပင်လိုက်ခြင်းအပေါ် အလွန်စိုးရိမ်မိကြောင်း ထရမ့်အစိုးရက ထုတ်ပြန်ခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြသည်။
02-Jan-2018
ဘရာဇီး နိုင်ငံအလယ်ပိုင်း Goios ပြည်နယ် အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းတွင် အကျဉ်းသား ကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲအရာရှိများက ပြောကြားခဲ့ကြောင်း BBC သတင်းဌာန တွင်ဖော်ပြသည်။
02-Jan-2018
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ်သတ် မှတ်ခဲ့ပြီး သတင်းပတ်အတန်ကြာတွင် ပါလက်စတိုင်းတို့က အမေရိကန်ဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီးကို ပြန်လည်ခေါ်ယူမည်ဟု ကြေညာလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
02-Jan-2018
အမေရိကန်ဘက်မှ မည်သည့်အခါမျှ စစ်ပွဲမစတင်နိုင်စေရန် မိမိ၏ စားပွဲပေါ်တွင် နျူကလီးယားပစ်လွှတ်သည့်ခလုတ် တပ်ဆင်ထားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
02-Jan-2018
မကြာသေးမီ လပိုင်းအတွင်း ရုရှား ရေနံတင်သင်္ဘောများသည် ပင်လယ်ပြင်အတွင်း သင်္ဘောချင်း လောင်စာလွှဲပေးသည့်နည်းဖြင့် မြောက်ကိုရီးယားကို သုံးကြိမ်ထက်မနည်း လောင်စာထောက်ပံ့ပေးခဲ့ကြောင်း၊ ယင်းနည်းဖြင့် အထီးကျန် ကွန်မြူနစ်နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောကို ပံ့ပိုးပေးနေကြောင်း အနောက်ဥရောပ ထိပ်တန်းထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။
02-Jan-2018
အီရန်နိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သမ္မတရိုဟာနီက အီရန်ပြည်သူများတွင် ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း လုံခြုံရေးပျက်ပြားအောင်လုပ်၍မရဟု ထုတ်ဖော်သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
01-Jan-2018
လူမှုကွန်ရက် မီဒီယာများပေါ်တွင် အမုန်းစကားများ၊ သတင်းတုများနှင့် တရားမဝင်သော ပစ္စည်းများ ဖော်ပြမှုတို့ကို ဖယ်ရှားနှိမ်နင်းနိုင်မည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန် ဂျာမနီနိုင်ငံက စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
01-Jan-2018
ဂျာမနီတွင် ရာဇဝတ်မှုကျူးလွန်သူ ဒုက္ခသည်လူငယ်များကို ၎င်းတို့၏ မိသားစုများအား စိစစ်တွေ့ရှိပါက မူလနိုင်ငံသို့ ပြန်ပို့ရမည်ဟု စီးပွားရေးဦးစားပေး FPD ပါတီက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
01-Jan-2018
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ကာ မြောက်ကိုရီးယားသို့ လောင်စာဆီပို့ဆောင်မည်ဟု သံသယရှိသော ဟောင်ကောင်အလံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးထားသည်ဟု တောင်ကိုရီးယားက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
01-Jan-2018
တရားစီရင်ရေးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီနှင့် အခြား ၁၉ ဦးကို ကိုင်ရိုမြို့ရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး မော်စီကို အီဂျစ်ပေါင် ၂ သန်းပါ ငွေဒဏ်ချမှတ်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
01-Jan-2018
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် နေအိမ်မရှိသူ (အိုးမဲ့အိမ့်မဲ့)များအတွက် ကတ်ထူပြားများဖြင့် ပြုလုပ်ထားပြီး သယ်ဆောင်ရ အလွန်လွယ်ကူသော တဲကလေးများ လိုက်လံလှူဒါန်းသည့် စီမံချက်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
31-Dec-2017
ကတ်တလန် လွှတ်တော်သစ်၏ ပထမဆုံးအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ခေါ်ယူရန် စပိန်ဝန်ကြီးချုပ်က သောကြာနေ့တွင် ပြောကြားလိုက်ရာ တရားမဝင် လွတ်လပ်ရေးကြေညာမှုကြောင့် ဒေသန္တရအစိုးရဟောင်းကို ဖျက်သိမ်းပြီးနောက်တွင် ပေါ်ထွက်လာမည့် အစိုးရသစ်ကို ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
31-Dec-2017
လူအများ လူမှုကွန်ရက်မီဒီယာကို အသုံးပြုဆက်သွယ်သည့်ပုံစံမှာ လူ့အဖွဲ့ အစည်းကို အုပ်စုကွဲအောင်လုပ်နေသလို ဖြစ်နေပြီး အင်တာနက်သုံးစွဲသူများ ၎င်းတို့၏ ဆန္ဒစွဲဘက်လိုက်မှုများအတွင်း ထွေးပတ်ငြိတွယ်မနေစေရေး ခေါင်းဆောင်များက ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက တိုက်တွန်းခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
31-Dec-2017
အီရန်နိုင်ငံတစ်ဝန်း မြို့အတော်များများတွင် ဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအပေါ် အီရန်အာဏာပိုင်များ မည်သို့မည်ပုံ တုံ့ပြန်မည်ကို ကမ္ဘာကြီးက စောင့်ကြည့်လျက်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။