News

POST SECTION

FOREIGN-AFFAIRS

03-Jul-2020
လူဦးရေသုံးသန်းအထိရှိသော ဟောင်ကောင်ဒေသခံများကို ဗြိတိန်တွင် လာရောက်အခြေချခွင့်၊ နိုင်ငံသားလျှောက်ထားခွင့် ဗြိတိန်က ကမ်းလှမ်းလိုက်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အတည်ပြုထားသည်။
03-Jul-2020
အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီး ရောဂါထိန်းချုပ်ရေး ပိတ်ပင်ထားသည့် စည်းကမ်းများကို ကိုယ်တိုင်ချိုးဖောက်မိခြင်းကြောင့် နယူးဇီလန် ကျန်းမာရေးဝန်ကြီးရာထူးကနုတ်ထွက်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
02-Jul-2020
ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတို့အတွက် သိုလှောင်ထားသော COVID-19 ကုသဆေး Remdesivir ကုသဆေးများအားလုံး၏ ၉၀ ရာခိုင်နူန်းကို အမေရိကန်အရာရှိများက ဝယ်ယူသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။
01-Jul-2020
သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာသောကြောင့် မြို့နယ်ပေါင်း ၃၆ ခုကို Lockdown ချရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
01-Jul-2020
ဟောင်ကောင်အပေါ် အာဏာပိုပြီးသက်ရောက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆိုပါဒေသ၏ လွတ်လပ်ခွင့်များကို ခြိမ်း ခြောက်နေသည့် အငြင်းပွားဖွယ် တရုတ်လုံခြုံရေးဥပဒေကို တရားဝင်အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းများက ဖော် ပြထားသည်။
30-Jun-2020
အမေရိကန်အချို့သည် ဟောင်ကောင်အရေးနှင့်ပတ်သက်ပြီး ဆိုးယုတ်စွာပါဝင်လှုပ်ရှားနေသဖြင့် ဗီဇာကန့်သတ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
30-Jun-2020
တရုတ်နိုင်ငံ၏ မြို့တော်ဘေဂျင်းအနီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြန့်ပွားမှု အနည်းငယ်မြင့်တက်လာပြီးနောက် အာဏာပိုင်များက လူပေါင်းလေးသိန်းခန့်ရှိသည့်နယ်မြေကို တင်းကြပ်သည့် Lockdown ချမှတ်လိုက်ကြောင်း ဃြ သတင်းဌာနကရေးသားဖော်ပြသည်။
30-Jun-2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကပ်ဘေး ကမ္ဘာအနှံ့တွင် ဖြစ်ပွါးလျက်ရှိနေရာတွင် ထိန်းချုပ်ရန်ရုန်းကန်နေရပြီး ယခုအချိန်အထိ သေဆုံးသူ ငါးသိန်းကျော်သွားပြီဖြစ်ကြောင်း ဃြ သတင်းတစ်ရပ်က ဖော်ပြထားသည်။
29-Jun-2020
အမေရိကန်နှင့် NATO တပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန်တွင် လုပ်ကြံသုတ်သင်ရန်အတွက် တာလီဘန် ချိတ်ဆက်စစ်သွေးြွကများကို ငွေကြေး ထောက်ပံ့သည်ဟူသော စွပ်စွဲချက်များမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များ ဖြစ်ကြောင်း ရုရှားကတုံ့ပြန်ခဲ့သည်။
29-Jun-2020
ကမ္ဘာတစ်ဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ စုစုပေါင်းမှာ တနင်္ဂနွေနေ့ (ဇွန်လ ၂၈) က ၁၀ သန်းကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း Reuters သတင်းဌာနက ပြုစုထားသော စာရင်းဇယားများအရသိရသည်။
29-Jun-2020
အမေရိကန်ပြည်ထောင်စု တစ်လွှားကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ၂ သန်းခွဲကျော်သွားချိန်တွင် ဖလော်ရီဒါနှင့်တက္ကဆက်တို့တွင် စံချိန်တင်ကူးနေသောကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်နေခြင်းကို နောက်ပြန်ဆုတ်ရလျက်ရှိသည်။
28-Jun-2020
တစ်ကမ္ဘာလုံး ကပ်ရောဂါအသွင် ဖြစ်ပွားနေသော Covid-19 ရောဂါ ကာကွယ်ဆေးအတွက် ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် လာမည့်နှစ် အစောပိုင်းတွင် ဈေးကွက်ထဲအရောက်ပို့နိုင်မည်ဟု တရုတ်အစိုးရမီဒီယာ China Daily သတင်းတစ်ရပ်က သုံးသပ်ရေးသားထားသည်။
26-Jun-2020
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးနှင့်သက်ဆိုင်သော ကန့်သတ်တားမြစ်ချက်များသည် ဒီမိုကရေစီနှင့်အခြေခံ လူ့အခွင့်အရေးတို့ကို အန္တရာယ်ပေးခြိမ်းခြောက်လျက်ရှိသည်ဟု ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကို ဦးဆောင်နေသူများက သတိပေးပြောကြားလိုက်ကြောင်း Aljazeera သတင်းဌာနကရေးသားဖော်ပြသည်။
26-Jun-2020
ရုရှားသမ္မတ ဗလာတီမာပူတင်ကို နောက်ထပ်သမ္မတသက်တမ်းနှစ်ခု တာဝန်ထပ်ယူစေနိုင်မည့် အခြေခံဥပဒေပြင်ဆင်ချက်များအား ရုရှားပြည်သူများက မဲပေးအဆုံးအဖြတ်ပေးလျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
25-Jun-2020
တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူလက်တုံ့ပြန်မည့် အစီအစဉ်များအား မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ရပ်ဆိုင်းလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA က သတင်းထုတ်ပြန်ကြောင်း Reuters သတင်းဌာနကဖော်ပြသည်။