News

POST SECTION

FOREIGN-AFFAIRS

23-Nov-2017 tagged as
ဇင်ဘာဘွေနိုင်ငံကို နှစ်ပေါင်း ၃၇ နှစ်ကြာမျှ အုပ်ချုပ်ခဲ့ပြီး ကမ္ဘာ့အသက် အကြီးဆုံးသမ္မတ စာရင်းဝင်သူ ရောဘတ်မူဂါဘီသည် ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ပြည်သူများ၏ ဖိအားပေးမှုကြောင့် သမ္မတအဖြစ်မှ တရားဝင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း၊ ၎င်းရာထူးမှ နုတ်ထွက်မှု တရားဝင်ဖြစ်သည့် ညပိုင်းတွင် ဇင်ဘာဘွေ ပြည်သူများ ဝမ်းမြောက်ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
23-Nov-2017 tagged as
လက်ဘနွန်ဝန်ကြီးချုပ် ဆက်ဟာရီရီ သည် လွန်ခဲ့သောနှစ်ပတ်က ရာထူးမှနုတ်ထွက်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံတွင် ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အနေနှင့် ဘေရွတ်သို့ ပြန်လည်ရောက်ရှိ လာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် အစိုးရ ကိုယ်တိုင်ကျူးလွန်နေသည့် အကြမ်းဖက် နိုင်ငံဟု သတ်မှတ်ရန် အမေရိကန် ပြည် ထောင်စုက ပြင်ဆင်နေကြောင်းသမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်ဟု BBC သတင်းက ဖော်ပြထားသည်။
21-Nov-2017 tagged as
မြောက်ကိုရီးယားသည် ပထမဆုံး ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်သည့် ရေငုပ်သင်္ဘော တည်ဆောက်၊ တပ်ဆင်နိုင်ရေး အသည်းအသန်း ကြိုးပမ်းနေကြောင်း ဂြိုဟ်တုဓာတ်ပုံသစ်များကို 38 North ဝက်ဘ်ဆိုက်၏ ဆန်းစစ်သုံးချက်ကို ကိုးကားပြီး BBC က ဖော်ပြသည်။
21-Nov-2017 tagged as
လိင်တူအခွင့်အရေး လှုပ်ရှားမှုများ၊ ပွဲတော်များ၊ ရုပ်သံပြသမှုများ၊ ဖိုရမ်များ၊ ပြပွဲများကို အန်ကာရာမြို့တော်တွင် ပြုလုပ်ခွင့်မပြုဟု လုံခြုံရေးကို အကြောင်းပြကာ တူရကီနိုင်ငံက ပိတ်ပင်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
19-Nov-2017 tagged as
ဆော်ဒီအာရေဗျနိုင်ငံတွင် ထိန်းသိမ်းခံထားရသည်ဟု သတင်းထွက်ပေါ်နေသော လက်ဘနွန်ဝန်ကြီးချုပ် ဆာအိဟာရီရီသည် ဆော်ဒီနိုင်ငံမှ ပြင်သစ်နိုင်ငံသို့ ထွက်သွားပြီဖြစ်သည်ဟု ဟာရီရီ၏ မိသားစု ပိုင်ဆိုင်သော ရုပ်သံသတင်းဌာနက ထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
19-Nov-2017 tagged as
၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဂရိ စစ်အစိုးရ ဆန့်ကျင်ရေးကျောင်းသား ဆန္ဒပြပွဲ အထိမ်းအမှတ်ပွဲတွင် ရဲများနှင့် လူငယ်များ ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
17-Nov-2017 tagged as အာဏာ
ဇင်ဘာဘွေနိုင်ငံတွင် နိုင်ငံပိုင်မီဒီယာကို စစ်တပ်က စီးနင်းသိမ်းပိုက်ပြီး ရာဇဝတ်သားများကို ပစ်မှတ်ထားဖယ်ရှားရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသော်လည်း စစ်တပ်အနေနှင့် မည်သို့ မည်ပုံ ဆက်လက် လုပ်ဆောင်မည်ဟူသည်ကို မည်သူမျှ သဲသဲကွဲကွဲ မသိဘဲဖြစ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
17-Nov-2017 tagged as
ကမ္ဘာကျော် အနုပညာရှင်ကြီး လီရိုနာဒိုဒါဗင်ချီ၏ အနုပညာလက်ရာ တစ်ခုဖြစ်သော ခရစ်တော် အမည်ရ ပန်းချီကားကို နယူးယောက်မြို့တွင် ဒေါ်လာသန်း ၄၅၀ ဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
17-Nov-2017 tagged as ကမ္ဘောဒီးယား
ကမ္ဘောဒီးယားတွင် အာဏာရပါတီခေါင်းဆောင် ဟွန်ဆန်ကစွဲချက်တင်သောအမှုတွင် အတိုက်အခံပါတီကို ဖျက်သိမ်းပစ်ရန် ဗဟိုတရားရုံးက စဉ်းစားနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Nov-2017 tagged as
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း မေဒူဂူရီမြို့တွင် အသေခံဗုံးခွဲသူ လေးဦးကြောင့် အနည်းဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကာ အမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားတွင် ရှားရှားပါးပါး လှုပ်သွားခဲ့သော မြေငလျင်သည် မှတ်တမ်းများအရ ဒုတိယမြောက် အပြင်းထန်ဆုံးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
16-Nov-2017 tagged as တရုတ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသည့်ပုံစံမျိုး ဖြစ်မည့်အနရာယ်မှ ကာကွယ်နိုင်ရေးအတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်သွားသင့်သည်ဟု စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး ယန်ဇီယာဒူက သုံးသပ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။
အစောင့်အကြပ်များ အထူးတင်းကျပ်စွာချထားသော စစ်မက် မဖြစ်ပွားရေးဇုန်မှတစ်ဆင့် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့သူ တစ်ဦးအား မြောက်ကိုရီးယားတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ပစ်ခတ် ခဲ့ရာ ကျည်ဆန်ငါးချက် ထိမှန်သွားသော ကြောင့် တောင်ကိုရီးယားဆရာဝန်များက အစွမ်းကုန် ကုသပေးလျက်ရှိကြောင်း ဃြ သတင်းဌာနက ရေးသားဖော်ပြသည်။
14-Nov-2017 tagged as
အီရန်နှင့်အီရတ်အကြား မြောက်ပိုင်းနယ်စပ်ဒေသတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျှင် လှုပ်သွားသောကြောင့် အနည်းဆုံးလူ ၃၃၀ ခန့် သေဆုံးခဲ့ပြီး လူ ၄၅၀ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။