News

POST TYPE

FOREIGN AFFAIRS

COVID-19 Update သတင်းများ
06-Apr-2020


ဧပြီ ၆၊ တနင်္လာ

စပိန်နိုင်ငံနှင့် အီတလီနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှုနူန်းနှင့် ကူးစက်မှုနူန်းကျဆင်း သွားမှုကြောင့် မြို့များကို ပိတ်ထားကာ lockdowns ချသည့် မူဝါဒ အလုပ်ဖြစ်ကြောင်း ဖော်ပြနေကြသည်။ စပိန် နှင့် အီတလီ သည် အမေရိကန်ပြီးရင် COVID-19 အထိခိုက်ဆုံး နိုင်ငံများအဖြစ် အဆင့် ၂ နှင့် ၃ ချိတ်ထားသည်။ အဆိုပါ နိုင်ငံများတွင် ကျဆင်းလာသဖြင့် အမေရိကန်အတွက် မျှော်လင့်ချက် ဖြစ်ကြောင့် သမ္မတထရမ့်၏ အနီးကပ်အကြံပေး အရာရှိတစ်ဦးဖြစ်သူ မစ္စစ်ဒီဘိုရာဘရစ်ဇ် က ဆိုသည်။ လှိုဏ်ခေါင်း၏ တစ်ဖက်စွန်းမှ အလင်းရောင် ပြပြကို မြင်နေရပြီဟု သမ္မတထရမ့်က ပြောကြားသည်။

ကမ္ဘာတစ်လွှား ကုမ္ပဏီ ၃၅ ခုနှင့် ပညာရပ်ဆိုင်ရာ အင်စတီကျူးရှင်းများက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်နိုင်ရန်အတွက် အပြင်းအထန် ဆောင်ရွက်နေကြကာ ယခုအခါ စမ်းသပ်သည့် ဆေးအဆင့်ကို ရောက်လာသည့် အမေရိကန်၊ တရုတ် နှင့် သြစတြေးလျတို့တွင် ဆေး ၄ မျိုးရသွားခဲ့ကာ လူနှင့်စမ်းသပ်ခြင်း၊ တိရစ္ဆာန်များနှင့် စမ်းသပ်ခြင်း အဆင့်များသို့ ရောက်နေပြီဟု Guardian သတင်းက ဖော်ပြထားသည်။

COVID-19 ကူးစက်ခံထားရသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် သည် ယခုအခါ ရောဂါလက္ခဏာများ ကြောင့် ဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူနေရပြီဟု သတင်းများက ဖော်ပြထားသည်။ ပြီးခဲ့သည့်နေ့က ဘုရင်မကြီးကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်ကို ဆေးရုံသို့ ရွှေ့သည့် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ကူးစက်ခံရသူ ၃၆၇ ဦးရှိပြီး သေဆုံးသူ ၁၀ ဦးရှိထားသည်။ ယခုအခါ အာဖဂန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသည့် ပထမဆုံး ဆရာဝန် ရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာနက BBC ကို အတည်ပြုပေးထားသည်။ အာဖဂန်နစ္စတန်သည် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နိုင်ငံဖြစ်ကာ နိုင်ငံတကာအကူအညီများ မရရှိပါက COVID-19 ကပ်ဘေးကြောင့် လူပေါင်းများစွာ ထိခိုက်ဆုံးရှုံးရနိုင်ချေရှိကြောင်း ကျန်းမာရေးဌာနက အသိပေးထားသည်။