News

POST TYPE

FOREIGN AFFAIRS

COVID-19 ကူးစက်မှုဖြစ်စဉ်သည် မကြာခင်ရက်များအတွင်း တစ်သန်းဖြစ်လာမည်ဟု WHO အကြီးအကဲသတိပေး
02-Apr-2020


နယူးယောက်၊ ဧပြီ ၂

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု ကပ်ဘေးဖြစ်ပွါးနေစဉ်တွင် မကြာခင်ရက်များအတွင်း တစ်ကမ္ဘာလုံး ကူးစက်ခံရသူ ဦးရေ တစ်သန်းကျော်သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHO ၏ ပြောခွင့်ရ အရာရှိက ဆိုသည်။

ပြီးခဲ့သည့် လ အနည်းငယ်က ကမ္ဘာ့နေရာများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေခြင်းကို ကမ္ဘာ့နေရာ အတော်များများက စိုးရိမ်နေခြင်း မရှိခဲ့ကြပေ။ 

ယခုအခါ ဗိုင်းရပ်စ်၏ သက်ရောက်မှုသည် ကမ္ဘာ့နေရာတိုင်းကို ရောက်နေပြီ ဖြစ်ခြင်းကြောင့် ကူးစက်ခံရသူ ဦးရေသည် လာမည့်ရက်များအတွင်း လူ တစ်သန်းကျော်သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ညွန်ကြားရေးမှူးချုပ် ဂီဘရီယီဆွပ် က သတင်းထောက်များကို ပြောကြားလိုက်သည်။ 

ကူးစက်မှုနည်းနေသေးသော ဖွံ့ဖြိုးဆဲနိုင်ငံများကို အကူအညီများ ပေးကြရန်လည်း WHO အကြီးအကဲ မစ္စတာ ဂီဘရီယီဆွပ် က တိုက်တွန်းလိုက်သည်။

အာဖရိက၊ ဗဟိုအမေရိက နှင့် တောင်အမေရိက ဒေသများတွင် ကူးစက်မှုကြောင့် စီးပွါးရေး၊ လူမှုရေး နှင့် နိုင်ငံရေး ပြိုလဲကျမှုများ မဖြစ်ပေါ်စေရန်အတွက် အထောက်အကူများ ပေးရမည်ဟု ၄င်းက ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ်က ထိခိုက်မှုရှိလာမည့် လူ့အဖွဲ့အစည်း အုပ်စုများအတွက် အခမဲ့ ရိက္ခာ၊ ငွေကြေး၊ ချက်ပြုတ်ရမည့် ဂတ်စ် စသည်တို့ကို ဒေါ်လာ ၂၄ ဘီလီယံဖိုး သုံးမည်ဟု စီစဉ်နေခြင်းအား WHO က ဥပမာကောင်းအဖြစ် ထောက်ပြသွားသည်။ F-02