News

POST TYPE

FOREIGN AFFAIRS

တရုတ်စီချွမ်ပြည်နယ်တောမီးကြောင့် မီးသတ်သမား ၁၈ ဦး ကျဆုံး
01-Apr-2020


ဘေဂျင်း၊ မတ် ၃၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်တွင် တောမီးလောင်ကျွမ်းခဲ့ရာ မီးသတ်သမား ၁၈ ဦးနှင့် လမ်းပြတစ်ဦးတို့ သေဆုံးခဲ့ကြောင်း အစိုးရမီဒီယာများက ဖော်ပြထားသည်။

မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ် လေကြောင်းက ရုတ်တရက်ပြောင်းလဲလိုက်သဖြင့် ရဲဘော်များ မီးထဲ ပိတ်မိသွားခြင်းဖြစ်သည်ဟု Xinhua သတင်ဌာနက ဖော်ပြထားသည်။

စီချွမ်ပြည်နယ် လျန်ရှန်းစီရင်စုနယ်ထဲတွင် ဖြစ်ပွားသော အဆိုပါမီးကြောင့် တောအုပ်ဟက်တာဧက တစ်ထောင် လောင်ကျွမ်းသွားခဲ့သည်။ 

မီးသတ်သမား ၂၀ဝ၀ ခန့်နှင့် ကယ်ဆယ်ရေးလုပ်သားများကို အဆိုပါဒေသသို့ ပို့ဆောင်ထားပြီး လူ ၁၂၀ဝ ခန့်ကို နေရာ ရွှေ့ပြောင်းပေးထားသည်။ 

တောပိုင်းဒေသရှိ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှစတင်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 

လေက တစ်အားထန်နေခြင်းကြောင့် မီးတောက်များက အနီးအနားတောင်များကို ကူးစက်သွားခဲ့ခြင်းဖြစ်သည်။ 

မီးသတ်တပ်စိတ်တစ်ခုမှ တပ်ဖွဲ့ဝင် ၂၂ ဦးအနက် ၁၈ ဦး ကျဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူလမ်းပြမှာ စိုက်ပျိုးမွေးမြူရေးခြံလုပ်သားဖြစ်ကာ ပျောက်ဆုံးလျက်ရှိသည်။ အသက်ရှင်ကျန်ရစ် သူ ၃ ဦးရှိပြီး အဆိုပါတပ်ဖွဲ့ဝင်များကို ဆေးကုသပေးလျက်ရှိသည်။ 

အနီးအနားရှိ ဇီချန်မြို့သို့ မီးခိုးလုံးကြီးများ ရောက်ရှိလာနေကြောင်း ဒေသဆိုင်ရာ မီဒီယာက သတင်းထုတ်ပြန်ထားသည်။ 

လျန်ရှန်း စီရင်စုနယ်၏ အခြားနေရာတစ်ခုတွင် တောမီးလောင်ကျွမ်းရာမှ မီးသတ်သမား ၃၀ သေဆုံးခဲ့ပြီး တစ်နှစ် တင်းတင်းပြည့်သည့်နေ့တွင် ယခုကဲ့သို့ မီးသတ် ၁၈ ဦးကျဆုံးသည့် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။     

F-02