News

POST TYPE

FOREIGN AFFAIRS

သီးခြားစောင့်ကြည့်နေထိုင်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ပါက ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်မည့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဥပဒေများ ရုရှားပါလီမန်ပြဌာန်း
01-Apr-2020


မော်စကို၊ ဧပြီ ၁

သီးခြားစောင့်ကြည့်နေထိုင်ရမည့် စည်းမျဉ်းများကို ချိုးဖောက်ပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သော ဥပဒေအပါအဝင် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဥပဒေများကို ရုရှားပါလီမန်က ပြဌာန်းလိုက်သည်။

မြို့တော်မော်စကိုကို lockdown ချလိုက်ပြီးနောက် အခြားဒေသများကိုလည်း အလားတူဆောင်ရွက်ကာ ရုရှားတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အသည်းအသန်ဆောင်ရွက်လျက်ရှိသည်။

အပြစ်ပေးမှုများ ကြမ်းသည့်ဥပဒေများ၊ ပြင်ဆင်ချက်များကို ရုရှားပါလီမန်က ရက်ပိုင်းအတွင်း အမြန်ဥပဒေပြုခဲ့ခြင်း ဖြစ်သည်။

ရုရှားတွင် COVID-19 ကူးစက်ခံရသူ ၂၃၃၇ ဦးရှိနေပြီး သေဆုံးသူ ၁၇ ဦးရှိနေသည်။

တစ်ယောက်ယောက်သည် ကိုရိုနာဗိုင်းရပ်စ်ရှိနေပြီး သီးခြားခွဲနေထိုင်စောင့်ကြည့်ခံနေရခြင်းအပေါ် စည်းကမ်းချိုးဖောက်ခဲ့ပါက ၎င်းကြောင့် နောက်ထပ်လူတစ်ဦးသေဆုံးခဲ့လျှင် ထောင်ဒဏ် ၇ နှစ်ချမှတ်မည်ဟု ဥပဒေတွင်ပါရှိသည်။

အိမ်ထဲတွင်မနေဘဲ အမိန့်ကိုချိုးဖောက်သူများကို ပြင်းထန်သောဒဏ်ငွေများ ရိုက်သွားမည်ဟုလည်း ကြားဖြတ်ဥပဒေတွင် ပါဝင်သည်။

အန္တရာယ်များသော၊ သတင်းတုများကို ဖြန့်ဝေသူများကိုလည်း ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်မည့် ဥပဒေလည်း ပါဝင်သည်။

မော်စကို ဆေးရုံအုပ်ကြီးသည် လူနာများကိုပြုစုကုသပေးရာမှ ယခုအခါ Covid-19 ကူးစက်ခံနေရသည်ဟု သတင်းများ ဖော်ပြထားသည်။

ဆေးရုံအုပ်ကြီး ဒန်းနစ်စ်ပရိုဆန်ကို သည် သမ္မတပူတင်ဆေးရုံကြီးသို့ လာရောက်စစ်ဆေးစဉ် လက်ခံတွေ့ဆုံခဲ့သဖြင့် ပူတင့်ကို စိုးရိမ်မှုများရှိခဲ့သည်။

သမ္မတပူတင်သည် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေပါသဖြင့် စိတ်မပူကြရန်အတွက် သမ္မတရုံးပြောခွင့်ရအရာရှိကဆိုသည်။

အရေးပေါ်အခြေအနေ ကြေညာရန်အတွက် အစိုးရကိုအခွင့်အာဏာပေးထားပြီး စည်းမျဉ်းအသစ်များ၊ ကန့်သတ်ချက်အသစ်များ လိုအပ်ပါက ထုတ်ပြန်ခွင့်ရှိထားသည်။

F-02