News

POST TYPE

FOREIGN AFFAIRS

အိန္ဒိယ၏ ပိတ်ဆို့ရောဂါထိန်းချုပ်ခြင်း Lockdown အစီအစဉ်ကြောင့် လူသန်းပေါင်းများစွာ ဒုက္ခအခက်ကြုံ
30-Mar-2020


နယူးဒေလီ၊ မတ် ၃၀

COVID-19 ရောဂါကပ်ဘေးကို ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံတွင် Lockdown ပိတ်ချလိုက်ပြီးနောက်တွင် ရွှေ့ပြောင်းလုပ်သား လူတန်းကြီးစားရေးနေရေး အလွန်ဒုက္ခရောက်နေပြီး မိုင်ပေါင်းရာနဲ့ချီကာ နေရပ်သို့ လမ်းလျှောက်ပြန်နေကြကြောင်း သတင်းများကဖော်ပြထားသည်။

အချို့အလုပ်သမားများသည် ပြည်နယ်များကို ဖြတ်ကျော်ကာ လမ်းလျှောက်ပြန်နေရပြီး ရေအနည်းငယ် မုန့်အနည်းငယ်ဖြင့် စားသောက်ရှင်သန် သွားလာနေရလျက် ရှိသည်။

အိန္ဒိယနိုင်ငံတွင် ၂၁ ရက်ကြာ ရပ်ဆိုင်းပိတ်ဆို့ Lockdown အစီအစဉ်ကို ၄နာရီသာ ကြိုတင်သတိပေးပြီး ကြေညာခဲ့ရာမှ အလုပ်အကိုင်များစွာနှင့် ဝင်ငွေများစွာ ရပ်ဆိုင်းသွားခဲ့ရသည်။

အိန္ဒိယတစ်နိုင်ငံလုံးတွင် သန်းပေါင်းများစွာသော ရွှေ့ပြောင်းလုပ်သားများသည် ဆိုင်များပိတ်ကာ လူအများအိမ်တွင်းနေနေသော မြို့တော်များကိုကျောခိုင်းလျက် ကျေးလက်ဒေသများသို့ ကီလိုမီတာရာပေါင်းများစွာ လမ်းလျှောက်ပြန်နေကြရသည်။

မြို့ပြတွင် ဖြစ်ကတတ်ဆန်းနေရာလေးများ၌ ကုတ်ကပ်နေပြီး အလုပ်လုပ်ကိုင်နေကြသူများသည် ၂၁ ရက်ကြာမည့် ရပ်ဆိုင်းပိတ်ဆို့ Lockdown အစီအစဉ်အပြီးတွင် ဒုက္ခသည်များဖြစ်သွားကြပြီး ကျေးလက်များကို ပြန်နေကြခြင်းဖြစ်သည်။

Lockdown လုပ်ရသည့်အတွက် တောင်းပန်ပါကြောင်း ၊ ယင်းလုပ်ငန်းစဉ်ကြောင့် ပြည်သူများအထူးသဖြင့် ဆင်းရဲသားများ ဘဝခက်ခဲကျပ်တည်းသွားပါကြောင်း၊ ယခုတိုက်ပွဲကို နိုင်အောင်တိုက်နိုင်ရန်အတွက် ခက်ခဲသည့်ဆုံးဖြတ်ချက်ကို ချရန်လိုအပ်ပါကြောင်း ဝန်ကြီးချုပ်မိုဒီ က ပြောကြားခဲ့သည်။

ဒေလီပြည်နယ်ဝန်ကြီးချုပ် အာဗင်းကာဂျီဝါကလည်း အလုပ်သမားများ မြို့တော်ကို စွန့်ခွါပြန်သွားပါရန်၊ လူစုလူဝေးလုပ်လျှင် ဗိုင်းရပ်စ်ကူးစက်ခံရရန် အန္တရာယ်ကြီးသဖြင့် ကိုယ်နေသည့် နေရာမှာပဲနေကြပါရန် ပြောကြားခဲ့သည်။

ရွှေ့ပြောင်းများ၏ အိမ်ငှားခများကို အစိုးရက စိုက်ထားပေးမည် ဖြစ်ပါကြောင်းနဲ့ ရိက္ခာဖြန့်ဝေသည့် နေရာ ၅၆၈ ခုလည်း မြို့တော်တွင် ဖွင့်ပေးထားပါမည်ဟု ဒေလီပြည်နယ်အစိုးရ ဝန်ကြီးချုပ်က ဆိုသည်။

ဂူဂျာရတ်ပြည်နယ်တွင် ပန်းရံလာလုပ်သော အလုပ်သမားဂိုတန်လာက ဇာတိမြေ ရာဂျက်စ်သန်သို့ နေပူထဲတွင် ကီလိုမီတာ ၃၀၀ လမ်းလျှောက်ပြန်နေပြီး ဘီစကစ်အနည်းငယ်နှင့် ရေသာရှိသည်။သက်ကြီးရွယ်အိုများကအစ လမ်းလျှောက်ပြန်နေကြရသည့် အခြေအနေတွင် အဆင်းရဲဆုံးများက ကပ်ဘေးကိုအပြင်းထန်ဆုံး ခံရမည့်သူများဟု အိန္ဒိယပညာရှင်များအစုအဖွဲ့ Think Tank တစ်ခုက သတိပေးလိုက်သည်။

 F-02