News

POST TYPE

FOREIGN AFFAIRS

အမေရိကန်ကန့်ကွက်နေသည့်ကြားမှ ဝယ်ယူထားသော ရုရှားဒုံးပျံကာကွယ်ရေးစနစ်များ တူရကီရောက်ရှိ
12-Jul-2019


အန်ကာရာ၊ ဇူလိုင် ၁၂

အမေရိကန်ဘက်က ပြင်းထန်စွာ ကန့်ကွက်နေသော်လည်း တူရကီသည် ၎င်းတို့ ရုရှားထံမှ ဝယ်ယူထားသော S-400 ဒုံးလက်နက်ကာကွယ်ရေးစနစ် ပထမအသုတ်ကို လက်ခံရရှိလိုက်ပြီ ဖြစ်သည်။

ဇူလိုင် ၁၂ သောကြာနေ့တွင် အန်ကာရာမြို့ လေတပ်စခန်းသို့ သင်္ဘောနှင့်ပစ္စည်းများ ရောက်လာခြင်းဖြစ်သည်ဟု တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားသည်။

တူရကီသည် ရုရှား၏ S-400 ဒုံးပျံကာကွယ်ရေး၊ လေကြောင်းကာကွယ်ရေးစနစ်နှင့် အမေရိကန်ဖိုက်တာဂျက် F-35 များအကြား တစ်ခုခုကို ရွေးရမည်ဟု အမေရိကန်ဘက်က ပြောထားရာ ယခုသို့ ရုရှားလက်နက်များ ရောက်လာခြင်းသည် အမေရိကန်ကို စိတ်ဆိုးစေမည်ဖြစ်သည်။

တူရကီနှင့် အမေရိကန်ပြည်ထောင်စုတို့သည် NATO အဖွဲ့ဝင် မဟာမိတ်များဖြစ်သော်လည်း တူရကီသည် ရုရှားနှင့်နီးစပ်သော ဆက်ဆံရေးလည်း တည်ဆောက်လျက်ရှိသည်။

တူရကီသည် အမေရိကန်ဖိုက်တာဂျက်များဖြစ်သော F-35 အစင်းတစ်ရာ ဝယ်ယူရန် စီစဉ်လျက်ရှိပြီး အမေရိကန်က ၎င်းထံမှ ဝယ်ယူလိုလျှင် ရုရှားထံမှ မဝယ်ရဟု ဖိအားပေးနေခြင်းဖြစ်သည်။

F-35 များနားသို့ ရုရှားများကို မလာစေချင်ကြောင်း၊ အမေရိကန်တိုက်လေယာဉ်များ၏ အားနည်းချက်ကို ရုရှားများ သိသွားမည်ကို မလိုလားကြောင်း အမေရိကန်ကာကွယ်ရေးဌာန အရာရှိများက ပြောကြားထားသည်။ 

F-02


  • VIA