News

POST TYPE

FOREIGN AFFAIRS

နှစ်ပေါင်း ၁၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် Bluemoon, Supermoon နှင့် Bloodmoon ထူးခြားလပြည့်သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်နေ့ကို ကြုံတွေ့
31-Jan-2018

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၁၈၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထူးခြားလပြည့်သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်နေ့ကို ကြုံတွေ့ခဲ့ရကြောင်း Guardian သတင်းစာက ဖော်ပြသည်။

Bluemoon ဆိုသည်မှာ အပြာရောင်လဟု ဆိုလိုခြင်းမဟုတ်ဘဲ ပြက္ခဒိန်လ တစ်လအတွင်း ဒုတိယမြောက် လပြည့်နေ့ကို ဆိုလိုသည်။ (ယခုနှစ်တွင် ဇန်နဝါရီလ တစ်လတည်းတွင် လပြည့်နေ့ နှစ်ကြိမ် ကြုံခဲ့ရခြင်းဖြစ်သည်)။ Super Moon ဆိုသည်မှာ လနှင့် ကမ္ဘာအကြား ပုံမှန်ထက် ပိုမို နီးကပ်နေသောကြောင့် ပိုကြီး ပိုတောက်ပသော လပြည့်ညကို မြင်တွေ့ရခြင်းကို ဆိုလိုသည်။ Blood Moon ဆိုသည်မှာ လကြတ်ချိန်တွင် လမှာ အနီရောင် ပြောင်းသွားပြီး သွေးရောင်လွှမ်းသလို မြင်ရခြင်းကို ဆိုလိုသည်။ ယင်း ထူးခြားလပြည့်များမှာ တစ်မျိုးမဟုတ်တစ်မျိုး မကြာခဏ ကြုံရတတ်သော်လည်း သုံးမျိုးစလုံး တိုက်ဆိုင်သည့် လပြည့်ညမှာမူ နှစ်ပေါင်း ၁၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ဖော်ပြထားသော မြေပုံကို ကြည့်လျှင် မြန်မာနိုင်ငံမှာ လထွက်ချိန်၌ လကြတ်မှုကို မြင်တွေ့ရနိုင်သည့် နိုင်ငံများထဲတွင် ပါဝင်သည်ကို တွေ့နိုင်သည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘတောမြို့တို့ကဲ့သို့သော မြေပုံအလယ်ပိုင်း အနီရောင်အကွက်တွင်း ပါသောနေရာများမှာ လအပြည့်ကြတ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဝါရှင်တန်ဒီစီနှင့် အမေရိကန်နိုင်ငံတွင်မူ လဝင်ချိန်မှသာ လကြတ်မှုကို မြင်တွေ့ရနိုင်မည်ဖြစ်သည်။ အဖြူရောင် အကွက်အတွင်း ပါဝင်သော နိုင်ငံများမှာမူ လကြတ်ခြင်းကို မြင်တွေ့ရမည်မဟုတ်ပေ။

F-03