News

19-Apr-2018
အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ် ပြည်နယ်တွင် တစ်ချိန်က အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းခံရပြီး ကိုယ်ခန္ဓာ၏ လေးနေရာကို အက်စစ်လောင်းပြီး လုပ်ကြံခံရသော အမျိုးသမီးတစ်ဦးသည် နောက်ထပ်တစ်ကြိမ် အက်စစ်နှင့်ပက်ပြီး လုပ်ကြံခြင်းခံလိုက်ရပြန်သည်။
05-Apr-2018
တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ မိသားစုတစ်စု ကလေးတစ်ယောက်သာယူရမည်ဆိုသည့် (One-child) ပေါ်လစီကြောင့် ၂၀၁၆ ခုနှစ် စာရင်းအရ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၃၃ ဒသမ ၅ သန်းကျော် ပိုများသွားသည်။ ထိုသဘောတရားမှာ တရုတ်အမျိုးသားတွေ ဇနီး၊ မယား ရှားသွားပြီဆိုသည့် သဘောဖြစ်သည်။ ထို့ကြောင့် တရုတ်တို့သည် အိမ်နီးချင်းနိုင်ငံများဆီသို့ ဇနီး၊ မယားများကို ရှာဖွေနေကြသည့် လုပ်ငန်းနှင့်ဈေးကွက်တစ်ခုက ဖွံ့ဖြိုးလာပြီး၊ အလွယ်မရသည့်အခါတွင် ခြိမ်းခြောက်ခေါ်ဆောင်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့်လုပ်ငန်းများကိုပါ လုပ်ဆောင်နေကြကြောင်း တွေ့ရသည်။
05-Apr-2018
တောကား၊ မြို့ကား၊ ပေါကား အငြင်းပွားနေကြသလို ရုပ်ရှင်လောကသားအချို့ရဲ့ အဲဒီရုပ်ရှင်အပေါ် ဝေဖန်မှုတွေနဲ့ Group Chat မှာ အပြန်အလှန်ပြောဆိုတဲ့ Screen Shot တွေပါ ထွက်ပေါ်လာတဲ့အခါမှာတော့ လူအများရဲ့အမြင်မှာ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေဟာ သိမ်ငယ်စိတ်၊ အငုံ့စိတ်ဖြစ်နေကြတယ်၊ အောက်ခြေလွတ် ဘဝင်မြင့်နေကြတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်လာသလို အချို့ကလည်း စိတ်ပညာအရ သိမ်ငယ်စိတ်ဝင်တယ်၊ Inferiority Complex ဖြစ်နေတယ် စသဖြင့် ပြောဆိုရေးသားတာမျိုးတွေပါ တွေ့လာရပါတယ်။
27-Mar-2018
မျိုးသမီးတစ်ယောက်က ဓာတ်ပုံဆရာတွေ ဝိုင်းနေသည့်ရှေ့တွင် ရပ်လိုက်သည်။ သူက လက်နှစ်ဖက်ကို ရှေ့တွင်ယှက်ပြထားလိုက်သည်။ ငြိမ်းချမ်းရေး အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်သည်။ သူ့ပါးစပ်အား ငွေရောင်တိပ်နှင့် ကပ်ထားသည်။ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေသည်ဆိုသော သဘောဖြစ်သည်။
08-Mar-2018
ယနေ့ခေတ်တွင် CCTV ကဲ့သိုသော ကိရိယာ များကို နေရာအနှံ့တပ်ဆင်နေကြပြီ ဖြစ်သောကြောင့် ရာဇဝတ်ဘေး ပြေးမလွတ်နိုင်သည့် ခေတ်ဖြစ်လာ သည်။ ဆိုရှယ်မီဒီယာတွေ အားကောင်းလာခြင်း ကလည်း ပြည်သူများကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ပြည်သူတွေကလည်း မုဒိမ်းသမားကို သင်းကွပ်ရန်နှင့် သေဒဏ်ပေးရန်သာ တောင်းဆိုကုန်ကြသည်။
06-Mar-2018
ရွေးကောက်ပွဲရလဒ်သည် အပြိုင်အဆိုင်နှင့် အကျပ်အတည်းဖြစ်နေချိန်၌ စစ်တပ်ကကြားဝင်လာမည်ဟု ထင်နေကြသည်။ အားလုံးကလည်း စစ်တပ်ကို မားကို့စ်ဘက်တွင် ရှိနေမည်ဟုထင်နေကြသည်။ စစ်တပ်ကလည်း အရေးပါသည့် လေဆိပ်၊ စစ်စခန်းများတွင် အသင့်အနေအထားကို ပြင်ဆင်နေကြသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး အန်ရီလီနှင့် ရာမို့စ်တို့က အာဂူနယ်ဒိုစစ်စခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်သည်။
01-Mar-2018
ပန်းချီကားတွေကတော့ စုံလင်သည်။ ကျေးလက် ရှုခင်းများသာမက ပန်းချီကျော် ဗန်ဂိုး၏ ကိုယ်တိုင်ရေးခဲ့သော ပုံတူလက်ရာတွေကိုလည်း ခွဲမရအောင် ရေးဆွဲထားသည်များ တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ခေါင်းဆောင်များဖြစ်သည့် ထရမ့်၊ ပူတင်နှင့် အခြား ထင်ရှားကျော်ကြားသည့် ခေါင်းဆောင်တို့၏ပုံတူများကို ချိတ်ရောင်းနေသည့် ဆိုင်များလည်းရှိသည်။
27-Feb-2018
အရှေ့အလယ်ပိုင်း ပြဿနာဟု ဆိုလိုက်သောကြောင့် နိုင်ငံရေး ပြဿနာဟု မယူဆစေလိုပါ။ နိုင်ငံများ၏ ပြဿနာမဟုတ်။ လူများ၏ လူမှုရေးပြဿနာ။ တစ်နည်းဆိုရလျှင် လူတို့၏ အရှေ့အလယ်ပိုင်းနေရာ ဗိုက်ပြဿနာ။ အမျိုးသမီးများ၏ ဗိုက်ပြဿနာ ဖြစ်ပါသည်။
22-Feb-2018
ကမ္ဘာ့ခွေးချစ်သူများအဖွဲ့ (World Dog Alliance) ကလည်း ၂၀၁၂ ခုနှစ်ကတည်းက အွန်လိုင်းပေါ်တွင် E-petition ပွဲတွေကိုလုပ်ရာ အထူးအောင်မြင်ခဲ့သည်။ ဗြိတိန်အစိုးရကို ခွေးများအပေါ် ရက်စက်စွာပြုမူခြင်းများအား ဆန့်ကျင်ရေးဥပဒေများ ထုတ်ပြန်ပေးရန်တောင်းဆိုရာ အောင်မြင်မှုများရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပါလီမန်အတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။
20-Feb-2018
ဆိုရှယ်မီဒီယာတွေပေါ်က တိုက်ပွဲမှာ ပိုပြီးပြင်းထန်သည်။ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စု၌လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို မခံရပ်နိုင်သောကြောင့် #MeToo ဆိုသည့် လူထုအုံကြွ လှုပ်ရှားမှုကြီးတစ်ခုကို လုပ်ဆောင်နေကြသည်။ ပါကစ္စတန် ပြည်သူတွေကလည်း သူတို့ကလေးတွေအတွက် တစ်ခုခု လုပ်ပေးရန်ဆုံးဖြတ်လိုက်ကြသည်။
15-Feb-2018
အမေရိကန် ပြည်ထောင်စုတွင် ဂျာဟာသည် အမျိုးသမီးများအား FGM ပြုလုပ်ခြင်းမှ အကာအကွယ်ပေးရန် တိုက်ပွဲဝင်နေသည်မှာ သမ္မတအိုဘားမား လက်ထက်ကတည်းက ဖြစ်သည်။ သူ့ကို ကုလသမဂ္ဂကလည်း FGM ဆန့်ကျင်ရေး သံတမန်တစ်ဦးအဖြစ် အသိအမှတ်ပြုရုံမက Safe Hands for Girls ဆိုသည့် NGO အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူတစ်ဦးလည်း ဖြစ်လာသည်။ သူသည်ယခုအခါ ဂမ်ဘီယာတွင် နေထိုင်ပြီး အာဖရိကတိုက်တွင် FGM အလေ့အထဆိုးများ ပပျောက်စေရန် တိုက်ပွဲဝင်နေသည်။
13-Feb-2018
မိန်းကလေးများ၏ အပျိုရည် စစ်ဆေးမှုကို လူ့ဘောင်အဖွဲ့အစည်းတွင် မရှိစေရန် စတင်ကန့်ကွက်သူမှာ အသက် ၂၅ နှစ်အရွယ် ဗီဗက်တာမီချာကာ ဖြစ်သည်။ သူက အိန္ဒိယလူ့ဘောင် အဖွဲ့အစည်းအတွင်း ခေတ်နောက် ပြန်ဆွဲနေသည့် အယူအဆ ချက်ချင်းရပ်ဟု ဆန့်ကျင်တောင်းဆိုခဲ့သည်။
08-Feb-2018
အိန္ဒိယရဲများသည် စနစ်တကျ လေ့ကျင့်သင်တန်းပေးထားသူများ နည်းသည်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မည်သို့ ကိုင်တွယ်ရမည်ဆိုခြင်းကို ကောင်းစွာမသိဟုဆိုသည်။ ထိုကိစ္စမျိုးကို ကြုံတွေ့ရပြီ ဆိုလျှင် အကြမ်းဖက် ကိုင်တွယ်မှုများကြောင့် အမှုတွေက ပျောက်သွားရသည်များ ရှိနေဆဲဖြစ်သည်။
06-Feb-2018
နိုင်ငံအတွင်း ကလေးသူငယ် လက်ထပ်မှုအလေ့အထများကို ပပျောက်စေလိုလျှင် အစိုးရအပိုင်းက ဥပဒေအတိုင်း ကိုင်တွယ်ဆောင်ရွက်နိုင်ရန် များစွာလိုသည်။ အမျိုးသမီးငယ်လေးများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုရေးအပိုင်း၊ စီးပွားရေး အပိုင်းအားလုံးကို အထောက်အပံ့ အကူအညီပေးရန် လိုသလို၊ ဥပဒေအတိုင်း ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးသည်။