17-Jan-2019
တရုတ်တွင် ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးတို့ နေရပ်ပြန်ရေးကြိုးပမ်းမှုတွင် WeChat က အဓိက အခန်းကဏ္ဍတွင်ရှိနေသည်
17-Jan-2019
လူပြိန်းကြိုက် အပေါစား စကားလုံးများကိုသုံးကာ စည်းလွတ်ဝါးလွတ် လမ်းဘေးစကားများကို ပြောဆိုပြီး ကြမ်းရမ်းပြသော်လည်း သူ့ကိုမီဒီယာတွေက ကြိုက်ကြ၊ ထောက်ခံရေးကြသောကြောင့် စိတ်ဝင်စားစရာကောင်းသည့် သမ္မတတစ်ယောက်ဖြစ်လာရသည်။ သူ့ယခင် သမ္မတဟောင်း အကွီနိုအား စီးပွားရေးတွင် ပိုပြီးစွမ်းဆောင်နိုင်ခဲ့သူဟုဆိုစေ ဒူတာတေးသည် သူ့နည်း သူ့ဟန်နှင့် အောင်မြင်အောင် လုပ်ဆောင်နိုင်သူဖြစ်သည်။ သူ့လက်ထက်တွင် အဓိက အရေးယူဆောင်ရွက်နိုင်ခဲ့သော သုံးခုကပင် သူ့အပေါ် ပြည်သူတွေက ယုံလောက်အောင် ဖြုံကြောက်တွေ ဖြစ်ကုန်သည်။ သူက ကတိပေးထားသည့်အတိုင်း မူးယစ်ဆေး၊ လာဘ်ပေး လာဘ်ယူမှုနှင့် ရာဇဝတ်မှုတို့ကို အပြတ်သုတ်သင်ခဲ့ခြင်းကလည်း ထောက်ခံစရာများ ဖြစ်စေခဲ့သည်။
15-Jan-2019
သူ့အမည်က ရာဟပ် မိုဟာမက် အယ်လ် ကူနန် (Rahaf Mohammed al-Qunun) ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင် မွေးဖွားသည်ဆိုသဖြင့် အသက် ၁၈ နှစ်သာရှိသေးသည်။ ဆော်ဒီ နိုင်ငံသူလေးတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်လာပြီး၊ ဘန်ကောက်လေဆိပ်တွင် အထိန်းသိမ်းခံလိုက်ရသည်။ သူသည် ကူဝိတ်မှ ဩစတြေးလျနိုင်ငံကိုသွားရန် ထိုင်းနိုင်ငံတွင် တစ်ဆင့်နားစဉ် ထိန်းသိမ်းခံလိုက်ရသည်။
10-Jan-2019
တိုင်းပြည်ကရေနံတွေ အလျှံပယ်ထွက်ပြီး ဆင်းရဲနေသည်။ ဘွန်ဂိုကတော့ လက်ဖျားငွေသီးနေသည်။ ဖခင်ကွယ်လွန်ချိန်၌ သူ့လက်ထဲ အာဏာရောက်လာပြီး သမ္မတဖြစ်လာသည်ကလည်း မထူးဆန်းဟုဆိုရမည်။ သူက ကာကွယ်ရေးဌာနတစ်ခုလုံးကို ချုပ်ကိုင်ထားသူမဟုတ်ပါလား။
08-Jan-2019
အသက် ၃၆ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦး ဖြစ်သူ ယုသည်လည်း မိဘများက ယခုနှစ်ကူးတွင် မိန်းမ မပါလျှင် အိမ်ပြန်မလာနှင့်ဟု ရာဇသံပေးခြင်း ခံနေရသည်။ သူ့ဝမ်းနာ သူသာသိသည်။ မိန်းမတစ်ယောက်ကို မည်သို့ ရှာရမည်မှန်း ယနေ့အထိ သူမသိ။
03-Jan-2019
အရည်အချင်းပြည့်မီသော ဆရာဆိုသည်မှာ နှစ်ရှည်လများ စီမံချက်ဖြင့် မွေးထုတ်မှသာ ရနိုင်ပေသည်။ အရည်အချင်းရှိသော ပညာရေး၊ အရည်အချင်း ပြည့်ဝသော ဆရာများနှင့်သာ အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်သည်။ ဆရာတွေ စိတ်ဓာတ်ကျပြီး ထွက်သူထွက်၊ ပညာရှင်တွေ ပင်စင်ယူ၊ ကျောင်းများထဲတွင် သင်မည့်သူမရှိဘဲ တက္ကသိုလ်ခွဲများကို အရေအတွက်အရ ထူထောင်ခဲ့ခြင်းကြောင့် မပြည့်စုံသည့်ဘဝများကို ပညာသင်ကြားသူရော၊ သင်ယူသူတို့ပါ စိတ်ပျက် သွားစေအောင် ပြုလုပ်သလိုလည်းဖြစ်ခဲ့ရသည်
29-Dec-2018
တရုတ်နိုင်ငံ ဝက်မွေးမြူရေးခြံ ၂၀ ခန့်မှ ဟောင်ကောင်နှင့် မကာအိုသို့ ဝက်သားတင်ပို့မှုများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ခရစ္စမတ်ပွဲနှင့်အမီပေါ်ထွက် လာခြင်းမှာ သတိထားစရာဖြစ်သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းတစ်လျှောက် အာဖရိကဝက်တုပ်ကွေးက စိုးရိမ်စရာ ကောင်းလောက်အောင် ပျံ့နှံ့နေပြီဖြစ်သည်။
25-Dec-2018
တရုတ်သည် စက်ဘီးခေတ်က စက်ဘီးဈေးကွက်ကိုပျက်အောင် ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ဖုန်းတွေကိုလည်း အကုန်ရအောင်ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့သည်။ ယခုအနာဂတ် ပစ်မှတ်က ဆီလီကွန်အရုပ်တွေဖြစ်လာနိုင်သည်။ တရုတ်က ဘာထုတ်ထုတ် ဈေးကို အပေါဆုံးထုတ်သည်။ တရုတ်စက်သည် တစ်ရက်နှင့်စုတ် သွားကောင်း စုတ်သွားနိုင်သည်။ သို့သော် အမြင်ကောင်းသည်။ အပြကောင်းသည်။ စွဲမက်စရာကောင်းသည်။ မည်သို့ဆိုစေ ကမ္ဘာကသူ့ကို မယှဉ်နိုင်အောင် ဈေးနှုန်းပြိုင်ဆိုင်ထုတ်လုပ်ပြီး Made in China လမ်းစဉ်အတိုင်း အကောင်အထည်ဖော်နေသည်မှာ ကမ္ဘာကို ခြိမ်းခြောက်စရာတစ်ခုဖြစ်လာသည်ကိုတော့ သတိထားကြရပေလိမ့်မည်။
20-Dec-2018
အွန်လိုင်းပေါ်တက်နေသည့် သတင်းတွေက အချိန်မလပ် သတင်းတွေကိုမပြတ်အောင် ဆက်တိုက်တင်ပေးနိုင်သည်။ သူတို့က သတင်း၏ရင်းမြစ်တစ်ခုမှာ ဘယ်ကလာသည်ဆိုခြင်းကို ခြေရာခံလိုက်သည်။ ခိုင်လုံပြီဟု ယူဆရသည်နှင့် ချက်ချင်းကောက်တင်လိုက်ကြသည်။ သတင်းစာက ထိုသို့ ပြည်သူကို ပြန်ကြားပေးရန် မလွယ်ပေ။
13-Dec-2018
တရုတ်နိုင်ငံဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဝှာဝေး (Huawei) ၏ ထိပ်တန်းအမျိုးသမီး အုပ်ချုပ်မှုအကြီးအကဲတစ်ဦးဖြစ်သူ မန်ဝမ်ကျို (Meng Wanzhou) အား ကနေဒါ နိုင်ငံတရားရုံးက အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုချက်အရဟုဆိုကာ ကနေဒါနိုင်ငံတွင် ဖမ်းဆီးခဲ့သည်။
11-Dec-2018
လစ်ဇီဆိုလျှင် အိမ်ထောင်ဖက်ကို စိတ်ကူးနှင့်ရူးခဲ့သည်။ သူတို့ဘဝတွေကို အပြန်အလှန် ကိုယ်ချင်းစာစိတ်ဖြင့် မျှဝေနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ အပြန်အလှန် တစ်ဦးကိုတစ်ဦး လေးစားစိတ်၊ ကိုယ်ချင်းစာစိတ်၊ ညှာတာ စိတ်များဖြင့် နားလည်မှုရှိမည်ထင်ကာ ငါးနှစ်တာမျှ ကြိုးစားပြီး တည်ဆောက်ကြည့်ခဲ့သည်။ ထိုစမ်းသပ်သည့် ကာလများတွင် နောက်ဆုံးသိလိုက်ရသည်မှာ သူ့ဘဝကို ပုံအပ်ရန်မသင့်ဆိုသည့် အဖြေပင်ဖြစ်သည်။
08-Dec-2018
“ကလေးဘဝဆိုတာ မိဘတွေရဲ့ အထိန်းအချုပ်တွေကို လုံးဝခံနေရရင် မကောင်းပါဘူး။ သူတို့မှာ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေရှိသင့်တယ်။ အပြင်ထွက် ကစားတာ၊ သူငယ်ချင်းတွေနဲ့ အတူနေတာမျိုးတွေလောက်တော့ ပေးသင့်ပါတယ်။ အဲဒီလို မဟုတ်ဘဲ နေရာတကာ လိုက်ပိတ်ပင်ပြီး လူကြီးတွေ ဖြစ်စေချင်တဲ့အတိုင်းနေရမယ်ဆိုတာ ကလေးဘဝပျောက်ဆုံးစေပါတယ်”
08-Dec-2018
ဆာလစ်သည် သူ့လိုသက်တူရွယ်တူ ကလေးများနှင့်အတူ ဘုရားအဝင်အထွက်နေရာများ၌ အမှတ်တရ ပစ္စည်းလေးများကို ပလတ်စတစ်ခြင်းလေးထဲထည့်ကာ ကမ္ဘာလှည့်ခရီးသည်များအား လိုက်လံရောင်းချသည်။ ပို့စ်ကတ်လေးများ၊ လက်ပတ်လေးများ၊ ဆွဲပတီးလေးများကို ရောင်းချနေခြင်းဖြစ်သည်။ သူ့တွင် အခြားကလေးများနှင့် မတူသည့်အချက်မှာ တရုတ်၊ ကိုရီးယားနှင့် ဥရောပ ဘာသာစကားအတော်များများကို ပြောတတ်နေခြင်းဖြစ်သည်။